Chapter 14 ( Best friend) Z/U

1.5K 232 3
                                    

Zawgyi

"မင်းငါ့ကိုစိတ်မဆိုးတော့ဘူး မဟုတ်လား"

ကျောင်းဆေးခန်း ထဲက ထွက်ထွက်ချင်း ဟယ်ရီမေးလိုက်သော စကားတစ်ခွန်း....ဒရေကိုက ဘာမှ ပြန်မပြောဘဲဟယ်ရီ့ကို မျက်စောင်းထိုးပြီး ကြည့်သည်..

"မင်းဘာလို့ ငါ့ကိုစိတ်ဆိုးနေတာလဲ?ငါတကယ် မသိဘူး"

"မင်းကတကယ်မသိတာလား"

ဒရေကိုက သူ့ကိုတွဲထူထားတဲ့ ဟယ်ရီ့လက်တွေကို လွှတ်ပြီး ပြန်မေးလိုက်သည်..သူတို့ သူငယ်ချင်းဖြစ်လာတာ 3နှစ်တောင် ရှိပြီ..တရက်မှ တီတီတာတာ ချစ်စကားတွေ ဟယ်ရီ့ကို မပြောတဲ့ရက်ဆိုတာ ဒရေကို့မှာ မရှိခဲ့..ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ အတွဲတွေ လိုလို..ဖွင့်ပြောလိုက်ရင် ထိုအခြေအနေလေးတောင် မကျန်တော့မှာ စိုး၍ ဖွင့်မပြောဘဲနေခဲ့သည်...3နှစ်တောင် ရှိပြီလေကွာ ဟယ်ရီရာ..မင်းငါ့အချစ်တွေကို မမြင်နိုင်သေးဘူးလား...😭😭

"ငါ..."

"ငါဆစ်ထရစ်နောက်လိုက်သွားလို့ စိတ်ဆိုးနေတာလား"

ဟယ်ရီ မေးလိုက်တော့ ခေါင်းညိမ့်ပြတဲ့ ဒရေကို..

"ဟုတ်တယ်! ငါ အမှန်အတိုင်းပြောမယ်..မင်းနဲ့တခြားလူတစ်ယောက်နဲ့ ရှိနေတာကို လုံးဝမကြိုက်ဘူး..စိတ်လဲစိတ်ဆိုးတယ်..ရင်ထဲမှာလည်းနာကျင်ရတယ်..မင်းက ငါ့အတွက် သူငယ်ချင်းဆိုတာထက်ပိုတယ်"

ဒရေကို တရစပ် ပြောလိုက်တော့ ပြုံးပြီး နားထောင်နေတဲ့ ဟယ်ရီ...မင်းလည်းငါ့အတွက် သူငယ်ချင်းဆိုတာထက်ပိုပါတယ်ကွာ...

"ငါလည်း မင်းကို သူငယ်ချင်းဆိုတာထက် ပိုတယ်"

ဟယ်ရီရဲ့စကားကို ကြားလိုက်တော့ ဒရေကို အရမ်းပျော်သွားတယ်..သူဖွင့်ပြောတာကို လက်ခံလိုက်တာလား?

"မင်းက ငါ့အတွက် အချစ်ရဆုံးသူငယ်ချင်း"

ဟယ်ရီ့စကားက မပြီးဆုံးသေးပဲ အနောက်က ပါလာသေးတယ်..ဘာတဲ့..အချစ်ရဆုံးသူငယ်ချင်းတဲ့လား?ပေါ်တာ!မင်းပြောတာ သူငယ်ချင်းထက်ပိုတယ်ဆို..အချစ်ရဆုံးသူငယ်ချင်းဆိုတာ ဘာကြီးလဲ?

"ဘာလဲ ပေါ်တာ!မင်းပြောတာ..."

"အေးလေ..မင်းကငါ့အတွက် ရိုးရိုးသူငယ်ချင်းဆိုတာထက်ပိုတယ်လေ..အချစ်ဆုံးသူငယ်ချင်း.."

It's called Drarry ✔✔ ( completed)Onde histórias criam vida. Descubra agora