Chapter 3 ( ရင်ခုန်နေသည် သတိ! ) Z/U

2.5K 280 9
                                    

Zawgyi

"မင်းကငါ့ကို ဘာလို့ သဝန်တိုရတာလဲ? "

ဟယ်ရီ နားမလည်တဲ့မျက်လုံးများနဲ့ မေးလိုက်သည်..။

သဝန်တိုတယ်ဆိုတာချစ်သူတွေမှ ပြောတဲ့စကားလေ..
ဒါမှမဟုတ် ဒရေကိုက ငါ့ကို ကြိုက်နေတာလား?*

ဟယ်ရီ တွေးမိလိုက်သည်..။

မဖြစ်နိုင်တာ ယောကျာင်္းချင်းကြီးကို..!*

"မင်းကို ချစ်လို့လေ!"

ကြားလိုက်ရတာက မထင်မှတ်တဲ့ အဖြေတစ်ခု...

"ဘာရယ်..."

ဟယ်ရီက မထင်ထားတဲ့ ပုံစံနဲ့ပြောသည်.

ဘာလဲ..အခုသူ့ကို ဒရေကိုက ဖွင့်ပြောနေတာလားပေါ့🤔🤔တကယ်ကြီး ဖွင့်ပြောတာဆိုရင်တော့...😓

"ဟုတ်တယ်..ငါမင်းကိုချစ်လို့..ငါမင်းကိုအရင်ကတည်းကချစ်​နေတာ..အဲလစ်စဘတ်!

"ဘာ!ဘယ်ကအဲလစ်စဘတ်လဲ ဒရေကို! "

ဟယ်ရီနားမလည်ဟန်ဖြင့်မေးလိုက်သည်..။

ငါဟယ်ရီပါကွ!...မင်းကငါဆိုတဲ့ဟယ်ရီပေါ်တာကို ရှေ့မှာထားပြီး ဘယ်ဟာမကို ပြောနေတာလဲ..?*

ဟယ်ရီမကျေနပ်ပါ..။

ပထမသူ့ကိုရည်းစားစကားပြောတာလားဆိုပြီး နည်းနည်းရင်ခုန်သွားပေမယ့်..

ဘာတဲ့..အခုတော့ အဲလစ်စဘတ်တဲ့လား? မက်ဖွိုင်း အစုတ်ပလုတ်...!*

"10 Things about I hate u ထဲက မင်းသမီးအဲလစ်စဘတ်လေ..ဟယ်ရီ!မင်းမသိဘူးလား?"

ဒရေကိုက သူ့ရဲ့ evil အပြုံးပြုံးပြုံးပြီး ပြောသည်.. ။

"အဲ့ဒါနဲ့ ငါတို့ပြောနေတာနဲ့က ဘာဆိုင်လို့လဲ? "

ဟယ်ရီ နားမလည်..10 Things about I hate u ဆိုတဲ့ 1999 ခုထုတ် ဇာတ်ကားထဲက မင်းသမီးက ဘာကိစ္စပါလာရတာလဲ?*

"မင်းမေးတဲ့ပုံစံက အဲ့မင်းသမီးပုံစံနဲ့ တူလို့လေ.."

"အဲ့တော့."

"ဘာကိုအဲ့တော့လဲ..ငါကမင်းမေးတဲ့ပုံကိုကြညြ့်ပီး မင်းသမီးကိုသတိရသွားလို့ မင်းသားပြောတဲ့စကားကို ပြောလိုက်တာ..မင်းအဲ့ကားကိုမကြည့်ဖူးဘူးလို့မပြောနဲ့နော်"

It's called Drarry ✔✔ ( completed)Where stories live. Discover now