Chapter 7 (အဖြေမပေါ်သော ပတ်သက်မှု)Z/U

2.1K 240 19
                                    

Zawgyi

Ron နဲ့ Hermione တို့အလောတကြီး ပြေးလာပြီး ဖတ်ပြလိုက်သည်က အကျဉ်းသားတစ်ယောက်လွတ်မြောက်လာသည်ဆိုတဲ့ သတင်းတစ်ပုဒ်...။

"အဲဒါ ဘာထူးဆန်းလို့လဲ..Ron"

ဟယ်ရီမေးလိုက်သည်..။

"နင် မသိဘူးလား?ဟယ်ရီ..အဲ့လူက ဟိုလူကြီးရဲ့ အမာခံထောက်ခံသူတဲ့"

ဟာမွန်နီ ကကြားကနေ ဝင်ဖြေတယ်

"မင်းတို့ပြောတဲ့ ဟိုလူကြီးဆိုတာ.."

"Voldemort "

ဒီတစ်ခေါက် ဝင်ပြောတာက Draco..။

"ဟေ့ကောင်..မင်းကသူ့နာမည်ကိုခေါ်ရဲတယ်ပေါ့ ငါကမင်းကိုငကြောက်လို့ ထင်နေတာ"

Ron ကDraco ကို စသလိုလို ဝင်ပြောသည်...။

"ပါးစပ်ပိတ်ထား..ဝေစလေပျား..ငါကမင်းလိုငကြောက် မဟုတ်ဘူး"

"တော်ကြတော့ နင်တို့နှစ်ကောင်!"

ကြားက ဟာမွန်နီ ထအော်လိုက်တော့မှ မျက်လုံးလေးကလည်ကလည်နဲ့ ...👀👀

ဟယ်ရီကတော့ သတင်းစာကို စိတ်ဝင်တစားကြည့်နေတယ်
သတင်းစာထဲမှာ သူတွေ့ရတဲ့ သံကြိုးတွေနဲ့ လူတစ်ယောက်..ဆီးရီးယပ်စ် ဘလက်တဲ့လေ..။

ဒီလူကြီးက သူ့မိဘတွေ သေဆုံးမှုနဲ့တစ်ခုခုများပတ်သက်နေသလား?

"နင်တို့ ဒီလူ့အကြောင်းဘာသိထားလဲ"

ဟယ်ရီ ခေါင်းမော့ပြီး မေးသည်

"ငါတို့ဘာမှမသိဘူး..သေချာတာကတော့ ဒီကိစ္စကြောင့် ဟော့ဝပ်မှာ တစ်ခုခုဖြစ်တော့မယ့်ပုံပဲ"

"ဘာရယ်..ဘာဖြစ်မှာလဲ ဟာမွန်နီ "

"ဒေါင်..ဒေါင်..ဒေါင် "

ဟာမွန်နီ အဖြေမပေးရသေးခင် မျှော်စင်ရှေ့က နာရီသံကြီးကို ကြားလိုက်ရသည်..တစ်ဆက်တည်းမှာပဲ..

"ကျောင်းသားများအားလုံး..Grand Hall ထဲကိုခဏလာပေးကြပါ"

ပရော်ဖက်ဆာ မက်ဂေါ်နဂယ်ရဲ့ အသံ...

"ငါတို့ကို ဒီကိစ္စပြောမလို့ထင်တယ်"

ဒရေကိုက သတိပေးလိုက်သည်..။

It's called Drarry ✔✔ ( completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ