Chapter 25 ( အားပေးစကား 💚 )

1.4K 210 17
                                    


Zawgyi


"ဒါဆို ဆီးရီးယပ်စ် ဘလက်က ဟော့ဝပ်ကို ရောက်လာတာလား... ?"

"ဟုတ်လောက်တယ်!Fat Lady က အသေအချာကို ပြောနေတာ..."

"ငါတို့တော့ ဆီးရီးယပ်စ်ဘလက် အကြောင်းစုံစမ်းရတော့မယ် ထင်တယ်!"

ဟယ်ရီ ၊ ဟာမွန်နီ နှင့် ရွန်တို့ Grand Hall ထဲသို့ အသွား လမ်းတွင် တိုင်ပင်နေကြခြင်းဖြစ်သည်...။

ဆီးရီးယပ်စ်ဘလက် ဟော့ဝပ်ကျောင်း၏ တစ်နေရာတွင် ရှိနေမည် ဟု ဟယ်ရီ အတိအကျယုံကြည်ထားသည်...။

မကြာခင် နှစ်ဝက်ကျောင်းပိတ်ရက်လည်း နီးလာပြီ ဖြစ်သည်...။
အော်...တစ်နှစ်ဆိုတာ ဘာလိုလိုနဲ့ ကုန်ဆုံးရတော့မှာပါလား။
_________________________

"ကျောင်းသားများအားလုံးကို ကြေညာစရာရှိပါတယ်!"

ပါမောက္ခ ဒမ်ဘယ်ဒေါက ယနေ့၏ မနက်ခင်းကို အဖွင့်စကားပြောလိုက်သည်.... ။

"ဒီနေ့မနက်မှာ ဖြစ်သွားတဲ့ကိစ္စအတွက်...ဟော့ဝပ်ကို လုံခြုံရေးပိုမိုတင်းကျပ်လိုက်ပါပြီ...
ဒါကြောင့် ဒီနှစ် နှစ်ဝက်ကျောင်းပိတ်ရက်မှာ အိမ်ကိုပြန်ခွင့်မရှိတော့ပါဘူး..."

"ဟာ...."

ဒမ်ဘယ်ဒေါ၏ စကားဆုံးသည်နှင့် ကျောင်းသားများဆီမှ စိတ်ပျက်သံဖြင့် "ဟာ.."ဟူသော စကားလုံးထွက်လာသည်...။

"အဲဒီကျောင်းပိတ်ရက်မှာ ကျောင်းသားများအားလုံးကို ဟော့စ်မိတ်သို့ အလည်အပတ်ပို့ပေးမှာပါ.."

"ရေး......"

ခုနက 'ဟာ'ဆိုသောအသံသည် တစ်ဟုန်ချင်း 'ရေး..'ဟုပြောင်းလဲသွားသည်....။

"ကဲ!ဒီလောက်ပါပဲ!သုံးဆောင်လို့ရပါပြီ!"

ဒမ်ဘယ်ဒေါ၏ စကားအဆုံးတွင် အရသာရှိလှသာ ဟော့ဝပ်၏ မနက်စာကို သုံးဆောင်ပြီး နေ့ရက်တစ်ခု အစပြုလိုက်သည်....။

_____________________

"ဒရေကို!"

ပရော်ဖက်ဆာ ရီးမက်စ် ၏ မှော်နက်ကာကွယ်ရေး စာသင်ချိန်ပြီးဆုံးပြီး ပရော်ဖက်ဆာ စနိပ်၏ မှော်ဆေးရည် အတန်းသို့ သွားရန်ပြင်လိုက်ချိန် အနောက်မှ ရင်းနှီးနေသော သူ့အချစ်ဆုံးလေး၏ ခေါ်သံကြောင့် ဒရေကို လှည့်ကြည့်လိုက်သည်....။

It's called Drarry ✔✔ ( completed)Where stories live. Discover now