Chapter 2 ( မင်းကို ချစ်လို့လေ) Z/U

3K 314 12
                                    


Zawgyi


"မင်းကငါ့အပိုင် လိုလေ!"

ဟယ်ရီရဲ့မျက်နှာလေးကချက်ချင်းဆိုသလို ပန်းရောင်သန်းလာသည်..။

"မင်းရှက်နေတာလား..ဟယ်ရီ "

ဒရေကိုက ဟယ်ရီ ရှက်နေသည်ကို ရိပ်မိ၍ ပြုံးစိစိနဲ့ မေးလိုက်တော့ ဟယ်ရီရဲ့ရှက်နေတဲ့မျက်နှာလေးက ချက်ချင်းတည်သွားသည်...။

"ဘာကိုရှက်ရမှာ လဲ ရှက်စရာမှမရှိတာ!"

"မင်းမျက်နှာကြီးကနီရဲနေတာပဲကို"

ဟယ်ရီ လဲသူ့ပါးလေးကို လက်နဲ့ ပွတ်လိုက်ပြီး

"ဒါ..ဒါက..စိတ်တိုနေတာကွ..ဒေါသထွက်နေတာ"

ရှက်ရှက်ဖြင့် ပြောချင်ရာပြောပြီး ထိုနေရာမှ ထွက်လာလိုက်သည်..။

ခဏလောက်သာဆက်နေရင် မျက်နှာက မီးတောက်တော့မယ်..အစုတ်ပလုတ် မက်ဖွိုင်း!!.ဘာတွေလာပြောနေလဲကိုမသိဘူး..*

"ဟယ်ရီ!"

သူကော်ရစ်တာဘက်ကိုရောက်တော့ ဟာမွန်နီ  ကိုတွေ့သည်..သူ့ဘေးမှာ ဂျင်းနီလဲ ပါလာသည်

"ဟယ်လို ..ဟာမွန်နီ .. ဟယ်လို..ဂျင်းနီ"

"အာမ်..ဟယ်ရီ..နင်သိပြီးပြီလား..ဂျင်းနီက ဂရင်းဖင်းဒေါလ်အဖွဲ့ထဲမှာ ပါတယ်လေ..ငါတို့နဲ့ အတူတူပဲ"

ဂျင်းနီကို ဟယ်ရီသိပါသည်..။

အရင်နှစ်တုန်းက သူတို့နှစ်ယောက် ရွန်တို့အိမ်မှာဆုံဖူးသည်..

ဂျင်းနီက သူ့ကိုမြင်တိုင်း ကြောက်သလိုလို လန့်သလိုလို ဖြစ်နေတာကြောင့် စကားတောင်သေချာမပြောဘူးကြ.

ရွန်ပြောတာတော့ သူ့ညီမက အရှက်အကြောက်ကြီးတယ်ဆိုပဲ..အဲ့ဒါများ ဂရင်းဖင်းဒေါလ်ကိုဘယ်လိုရောက်လာလဲ မသိ..။

"ဟယ်လို ဂျင်းနီ..hogwart ကနေကြိုဆိုပါတယ်!"

ဟယ်ရီကဂျင်းနီကို အရင်နှုတ်ဆက်လိုက်သည်..။

"Thank Harry !"

ဂျင်းနီက သူ့ကိုကျေးဇူးတင်ကြောင်းပြန်ပြောသည်..။

ဟယ်ရီသတိထားမိသည်က ဂျင်းနီ၏ ပါးနှစ်ဖက်က နီရဲနေသည်ဆိုတာပင်..

It's called Drarry ✔✔ ( completed)Where stories live. Discover now