Chapter 26 ( ငါ့ကောင်လေးလုပ်ပေး❤)

1.6K 208 23
                                    

Zawgyi


"မင်္ဂလာပါ ပရော်ဖက်ဆာ! "

ပရော်ဖက်ဆာ ရီးမက်စ်ရဲ့ ရုံးခန်းထဲရောက်တော့ ဟယ်ရီ နှုတ်ခွန်းဆက် စကားဆိုလိုက်သည်.... ။

အိမ်စာတွေ စစ်နေဟန်တူသည့် ပရော်ဖက်ဆာက ဟယ်ရီ့ဘက်ကို လှည့်ကြည့်ရင်း တစ်ချက်ပြုံးပြသည်..။

"ပရော်ဖက်ဆာက ကျတော့ကို တွေ့ချင်တယ် ဆိုလို့ပါ!"

"ဟုတ်တယ်ကွ!ဒီမှာ ထိုင်ပါဦး!"

ပရော်ဖက်ဆာက သူ့ရှေ့က ခုံပုလေးကို လက်ညိုးထိုးပြလိုက်တော့ ဟယ်ရီလည်း ဝင်ထိုင်လိုက်သည်..။

"မနက်ဖြန် ကျရင် ဟော့စ်မိတ်ကို သွားမှာမလား?"

ရီးမက်စ်ရဲ့ မေးခွန်းကို ဟယ်ရီက ခေါင်းလေးညိမ့်ပြီး ပြန်ဖြေသည် ..။

"ဟုတ်တယ်!sir..ကျတော်လိုက်သွားမှာ!"

"ဒါဆို ငါ့ကို အိမ်စာလေးတွေ ကူစစ်ပေးစမ်းပါ!မနက်ဖြန်ကျရင် ငါလည်း လိုက်ချင်လို့.."

"ဟုတ်ကဲ့ပါ..ပရော်ဖက်ဆာ!"

ပရော်ဖက်ဆာ ရီးမက်စ်ရဲ့ အကူအညီတောင်းမှုကြောင့် ဟယ်ရီတစ်ယောက် အိမ်စာတွေ ကူစစ်ပေးရသည်...။

"ပြီးပြီ..sir"

ဟယ်ရီက သူစစ်ထားတဲ့ စာအုပ်လေးတွေကို ပရော်ဖက်ဆာကို ပြရင်း ပြောလိုက်သည်...။

"ကျေးဇူးပဲ.. ဟယ်ရီ!အဆောင်ပြန်တော့လေ..နောက်ကျနေပြီ"

"ဟုတ်ကဲ့ပါ.. ဆရာ "

ဟယ်ရီလည်း ပရော်ဖက်ဆာ ရီးမက်စ်ကို နှုတ်ဆက်ပြီး ဂရင်းဖင်းဒေါအဆောင်သို့ ပြန်လာလိုက်တော့သည်...။

ထိုနေ့ညတွင် ဟယ်ရီကောင်းကောင်း အိပ်မပျော်နိုင်ပါ..
မနက်ဖြန်မှာ ဖြစ်လာမယ့် အကြောင်းအရာလေးတွေကို စဉ်းစားကြည့်ရင်း သူမျှော်လင့်မိသည်က...

ကောင်းတဲ့အရာလေးတွေပဲ ဖြစ်လာပါစေ....။

_____________________

"ကျောင်းသားများအားလုံး နေရာတကျတန်းစီကြပါ!"

ပရော်ဖက်ဆာ မက်ဂေါနဂယ်က ကျောင်းသားများကို အရှေ့မှ ဦးဆောင်နေသည်..။

It's called Drarry ✔✔ ( completed)Where stories live. Discover now