Chapter 6 ( အဲ့ဒါလေးတွေချစ်နေရတာ)Z/U

2.2K 260 36
                                    

Zawgyi Font 🖤

ဟယ်ရီတို့မနက်စာစားပြီးချိန်အထိ ဒရေကို့ကို မတွေ့တာကြောင့် ခရက်နဲ့ဂိုးလ် ကိုသွားမေးကြည့်မိသည်..။

သကောင့်သားက မနက်စာမစားဘဲ အပြင်ပြန်ထွက်သွားတယ်တဲ့လား?

...မင်းဘယ်တွေရောက်နေတာလဲ ဒရေကိုရာ..!

ဟယ်ရီလဲ ဒရေကို့ကို ရှာဖို့ စလေသရင်းအဆောင်ဘက်သို့ ထွက်လာခဲ့သည်..။

ဟော ..တွေ့ပါပြီ...မောင်မင်းကြီးသား!
နေပါဦး..ဘေးနားက ကောင်မလေးကဘယ်သူလဲ?*

ဟယ်ရီဒရေကို့ကိုတွေ့လိုက်ချိန်မှာ ဒရေကို့ဘေးနားက ကောင်မလေးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်..ကောင်မလေးကလဲစလေသရင်းအဆောင်ကပဲထင်သည် ..စလေသရင်းဝတ်စုံဝတ်ထားသည်..။
..............

ဒရေကို ဟယ်ရီနဲ့ဂျင်းနီကြည်နူးနေတာကို မမြင်ချင်တာနဲ့ အဆောင်ဘက်ကို ပြန်ထွက်လာခဲ့သည်..။

ဟိုဟာတွေကိုမမြင်ချင်တာနဲ့သာထွက်လာတယ်..
ဗိုက္ကတဂြီဂြီနဲ႔..

"အား!!ဗိုက္ဆာလိုက္တာ.."

"ေရာ့.."

ဒရေကို သူ့ဗိုက်ကိုကိုင်ပြီး အော်နေတဲ့အချိန် မုန့်လာပေးတဲ့မိန်းကလေးတစ်ယောက်..ဆံပင်ဂုတ်တိလေးနှင့် ချစ်စရာလေး ဖြစ်သည်.. ။

"မင်းက..."

"ငါ့နာမည် ပင်စီပါ..နင်ကဒရေကိုမာလ်ဖွိုင်း! ဟုတ်တယ်မလား?"

"ဟုတ်တယ်..မင်ဘယ်လိုသိတာလဲ?"

ဒရေကိုမေးလည်းမေး..
လက်ထဲကမုန့်ကိုလဲယူပြီးဖောက်စားလိုက်သည်...။

"နင့်မိဘတွေနဲ့ငါ့မိဘတွေနဲ့ခင်တယ်လေ..နင့်ကိုငါ နှစ်စကတည်းကသတိထားမိနေတာ..!
နင်ကနင့်အဖေနဲ့တူတာပဲ"

"ငါ့အဖေနဲ့တူတယ်..ဟုတ်လား?"

သူ့ရဲ့ချစ်လှစွာသောအဖေ လူစီးရပ်(စ်)မက်ဖွိုင်း နဲ့တူတယ်လို့ပြောလို့နည်းနည်းတော့မျက်မှောင်ကြုတ်သွားမိသည်...
သူနဲ့အဖေနဲ့က သားအဖသာပြောတာ..မေတ္တာဆိုတာ သူတို့နှစ်ယောက်ကြားမှာ တစ်စက်မှမရှိ....။

"ငါတို့သူငယ်ချင်းလုပ်ကြမလား?"

ပင်စီက ဒရေကို့ကို မေးလိုက်သည်

It's called Drarry ✔✔ ( completed)Where stories live. Discover now