(Liz).....lin ဘာတွေ့လဲ သွေးစင်တာလည်းမတွေ့ဘူးနော် အမတော့ခေါင်းစားတယ်
အမ နင့်အတွက်လည်း စိတ်လေတယ်
ခန္ဓာကိုယ်က မသက်သာ သေးပဲနဲ့
အားကျိုးမာန်တက်တွေလုပ်နေတာ
လဲမယ်နော် နေမကောင်းဖြစ်လိမ့်မယ်.......

(Lina)...ဟုတ်ကဲ့ပါအမရဲ့ lin က
ဒီဟာပီးရင်နားမှာပေါ့ 😊
အိုး! Lin တစ်ခုခုကိုတွေ့ပီထင်တယ်
အမ ရေ......

(Liz)......ဟင် ဟုတ်လား ပြပါအုံး .......

(Lina) ...... ဒါက လူသတ်သမားရဲ့ သွေးစက်ဖြစ်လိမ့်မယ် lin ထင်တာတော့ သူ
သေဆုံးသူကို ဓားနဲ့ထိုးတုန်းက အရှိန်လွန်ပီး
လက်ဓါးရှသွားတယ်ထင်တယ် လူသတ်နေတုန်းကတော့ သွေးပူနေလို့မသိလိုက်လောက်ဘူး အဲ့ဒီ့အချက်က lin တို့အတွက်ကောင်းသွားတာ lin သာအမှတ်တမဲ့ကျော်သွားရင် တော့သွားပီ
.......

Lina အမဖြစ်သူကိုလှည့်စကားပြောရင်း
ဘေးနံရံမှာပေနေတဲ့သွေးစက်လေးကို
ဝါဂွမ်းလေးနဲ့ သိမ်းကာ အိတ်ထဲထည့်လိုက်သည်

ပီးတာနဲ့ သူမတို့နှစ်ယောက် အလောင်းကိုခွဲစိတ်ဖို့နဲ့ သက်သေ တွေကိုစစ်ဖို့
သူမတို့ရဲ့ရုံးခန်းကိုပြန်ရမည်လေ
ဒါပေမယ့်လည်း ခေါင်းဆောင်ဖြစ်တဲ့ Vanရဲ့တစ်ချက်လွတ်အမိန့် ဆေးရုံပြန်တဲ့😖😖
အိုကေ အိုကေ
ပြန်ဆိုလည်းပြန်ပေါ့ အခုဟာ ကသူကိုယ်တိုင်လိုက်ပို့ တယ်
ဆေးရုံကိုသွားဖို့တော့စိတ်ကူးမရှိပေမယ့်
သူမက သေလောက်တဲ့ဒဏ်ရာရထားတာ
မဟုတ်ဘူးလေ အရမ်းပဲ

Lina ဆေးရုံရောက်ရောက်ချင်း မှာပဲ သူမကိုကုဖို့တာဝန်ယူထားတဲ့ဆရာဝန်ရဲ့ ဆူပူမူကိုခံလိုက်ရသည်

အဆောက်အဦးပေါ်ကပြုတ်ကျ ပီးဒဏ်ရာအပြင်းအထန် ရထားတာကို ဆေးရုံက ထွက်သွားရလားဆိုပီးပေါ့

ဆရာဝန်ရဲ့စကားကြောင့် lina ဆေးရုံကုတင်ပေါ်မှာလှဲနေလိုက်ကာ
စမ်းသပ်စေလိုက်တယ်

()........ ဒီကမိန်းကလေးက miss Lin ဖြစ်မယ်ထင်တယ်
Miss ကိုကုသပေးနေတဲ့ ဆရာဝန်ခမျာ
အရမ်းတွေစိတ်ပူနေရှာတာ.........

Lina အသံလာရာကိုကြည့်လိုက်တော့
long coat အနက်ရောင် ကိုဝတ်ဆင်ထားပီး
အခန်းပေါက်ဝတံခါးကိုမှီပီး သူမကို ပြုံး
ကြည့်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရသည်
သူမ ရဲ့မှတ်ညာဏ်ထဲ ပြန်ရှာကြည့်တော့လည်း ရင်းနှီးနေပုံမရ
အဲ့ဒီလူက သူမဆီကအကြည့်မလွဲဘဲ
သူမရှိနေတဲ့ နေရာကိုတဖြည်းဖြည်းလျှောက်လာနေသည်

villain systemWhere stories live. Discover now