"Sele သူမရှေ့က lina ကို မုန်းတီးနေမိသည် သူမ van ကိုသဘောကျလို့
ဒီအဖွဲ့ထဲလာခဲ့ပေမယ့် van အပါအဝင် အားလုံးရဲ့မျက်စိထဲမှာ lina ဆိုတဲ့မိန်းကလေးတစ်ယောက်သာရှိနေခဲ့သည်
အခုလည်းကြည့် သူမရဲ့ကြင်နာတတ်တဲ့စိတ်ထားကိုပြသဖို့ van ကို lina ဆေးရုံတက်ရတဲ့အကြောင်း အသိပေးခဲ့ပေမယ့်
သူမပြန်ရခဲ့တာကတော့ လျစ်လျူရှူမူတွေပဲလေ"

.......lina မင်းတကယ်ကိုရဲတင်းတယ်
အမူလိုက်တယ်ဆိုတာကောင်းပေမယ့်
အန္တာရယ်များတယ်လေ sele သာမင်းကိုမတွေ့ခဲ့ရင် ဘယ်လိုမလုပ်မလဲ..........

Lina သူမ van ရဲ့ပြောစကားကြောင့် sele ကိုကြည့်မိတော့ သူမကို မုန်းတီးစွာ ကြည့်နေတဲ့ sele ကိုတွေ့လိုက်ရသည်
တခြားသူတွေအသီးသီး စကားပြောနေကြတဲ့အချိန်မှာ
Lina နဲ့ Sele တို့ကတော့ အကြည့်ချင်းစစ်တိုက်နေကြသည်
နောက်ဆုံးအပီးသတ်အနေနဲ့ lina သူမကို ကြည့်နေတဲ့ sele ကို ပြုံးပြလိုက်သည်
ကျေးဇူးတင်လို့တော့မဟုတ် သူမလုပ်သမျှအကုန်လုံး lina သိနေသည့်သဘော

...တီ တီ တီ.....

ဇာတ်လိုက်ရဲ့ဖုန်းက မြည်လာတာမို့ အားလုံးတိတ်ဆိတ်သွားတော့သည်

(Van).......ဟယ်လို van ပြောနေပါတယ်
ဘာ! နောက်ထပ်လူသတ်မူဖြစ်ပြန်ပီဟုတ်လား ဘယ်နေရာမှာလဲ ငါအခုချက်ချင်းလာခဲ့မယ် .......

(Gary).......ခေါင်းဆောင် ဘာဖြစ်လို့လဲ
ကျတော်တို့ သံသယရှိသူကိုဖမ်းထားပီးပီ
လေ ဘယ်လိုလုပ်......

(Van).....အင်း ငါတို့တွေအခုသွားမှရမယ်
Sele ကျေးဇူးပြုပီး Linaအနားမှာ နေပေးနိုင်မလား ကိုယ်တို့ အခုချက်ချင်းပြန်လာမှာပါ.......

(Sele)......ရပါတယ် ကျမနေပေးပါ့မယ်
Lina ကိုစိတ်မပူပါနဲ့ ရှင်တို့သွားကြပါ.......

(Lina)........ခေါင်းဆောင် ကျမတစ်ခုလောက်ပြောပါရစေ ကျမ ကဒီအဖွဲ့ရဲ့ မူခင်းဆရာဝန်ပါ ကျမမလိုက်ဘဲနဲ့ ခေါင်းဆောင်တို့က အခင်းနေရာကို ဘယ်လိုသွားကြမှာလဲ
ခေါင်းဆောင်ကလဲ အမူဖြစ်ပွားတဲ့နေရာမှာ
သက်သေတွေကို ယူဖို့ရာအခက်ခဲရှိမှာပဲလေ
အကို Garyကလဲ လူဖမ်းဖို့အတွက် ဆို
ကျွမ်းကျင်ပေမယ့် သက်သေတွေယူဖို့ကျ
မဖြစ်ဘူးလေ နောက်  အမ်ဘာလို့ ကျမကိုကြောင့်ကြည့်နေတာလဲဟင်......

villain systemWhere stories live. Discover now