Arc-4.8(ညှိုး)

1.7K 226 29
                                    

Unicode

စီးပွါးရေးတိုးတက်ပြီးကြွယ်ဝသည့်ပြည်နယ်5ခု၏အုပ်ချုပ်သူမွန်နီခါနယ်စားအိမ်တော်သည်တစ်ခြားသောနယ်စားမြို့စားတွေနှင့်ယှဥ်လျှင်အဆပေါင်းများစွာသာပေသည်။ မွန်နီခါအိမ်တော်သည်လက်ရှိဧကရာဇ်ကိုသစ္စာခံပြီးဧကရာဇ်နှင့်အလွန်ရင်းနှီးသောကြောင့်သူတို့ကိုသွေးထိုးပြီးဆက်ဆံရေးပျက်အောင်မည်သူမှမပြုလုပ်နိုင်ခဲ့ပေ။

ယနေ့မွန်နီခါအိမ်တော်တွင်ညစာစားပွဲတော်တစ်ခုကျင်းပရန်လူတန်းစားမရွေးတတ်ရောက်နိုင်ကြောင်းကြေငြာထားသည်။ ထို့ကြောင့်အထက်တန်းလွှာတင်သာမကသာမန်လူတန်းစားတွေပါတက်ရောက်နိုင်ကြသည်။ အထက်တန်းလွှာတွေကသာမန်လူတန်းစားနဲ့ယှဥ်ပြီးပွဲမတက်ရောက်ဘဲရှုံ့ချချင်ပေမဲ့သူတို့ရင်ဆိုင်နေရသည်ကသာမာန်မဟုတ်သောကြောင့်လွန်ဆန်နိုင်ခြင်းမရှိတက်ရောက်ကြရသည်။ အခွင့်သင့်လျှင်နယ်စား၏သားနှင့်သူတို့သမီးတို့၏စေ့စပ်ကြောင်းလမ်းခြင်းလည်းဖြစ်သွားနိုင်သည်။
နယ်စားကဘယ်လိုရည်ရွယ်ချက်ဖြင့်ဤကဲ့သို့ပြုလုပ်သည်ကိုမည်သူမျှနားမလည်ကြပေ။

ညနေစောင့်အချိန်တွင်မွန်နီခါအိမ်တော်သို့ဝင်ရောက်လာသည့်မြင်းလှည်းများနှင့်ခြေကျင်ဝင်ရောက်လာသည့်သူများတဖွဲဖွဲကပွဲကျင်းပမည့်စံအိမ်ထဲသို့ဝင်သွားကြသည်။

ပင်မအိမ်တော်ကြီး၏အပေါ်ထပ်တွင်ဝင်လာသည့်သူများကိုရပ်ကြည့်နေသည့်သူတွေရှိကြသည်။

"မိုရှာထာ ငါဘာကြံနေလည်းသိလား"

မိုရှာထာကနှိမ့်ချသောအသံဖြင့်ပြန်ဖြေလေသည်။ လာရွန့်နှင့်ရူဘတ်ကနယ်စားဘာကိုရည်ရွယ်သည်ဆိုတာကိုသိချင်နေကြသည်။
" ကျွန်တော်မျိုးကနယ်စားဘာတွေတွေးနေလည်းဆိုတာဝင်စွက်ဖက်ခွင့်မရှိပါဘူးအရှင်"

ဆူရွန်ကပြေပြေလျော့လျော့အသံဖြင့်ရှင်းပြနေလေသည်။
"ဘယ်သူမဆိုဝင်ခွင့်ပေးထားတာက လုပ်ကြံသူတွေကိုအလွယ်တကူဝင်ခွင့်ပေးတာပဲ..."

မိုရှာထာကခန့်မှန်းမိပေမဲ့အဖြစ်မှန်ကိုသိသွားသည့်အတွက်တုန်လှုပ်သွားမိသည်။
အခန့်မသင့်လျှင်မွန်နီခါ၏ မင်းသားငယ်တွေနှင့်မင်းသမီးလေးကိုထိခိုက်နိုင်သည်။

I am a System30 (series1)Where stories live. Discover now