Arc-3.4(ညှိုး)

2.9K 287 8
                                    

Unicode

~ရွှမ်း~ချွမ်း~

~ယား~

သစ်တော်အုပ်ထဲ၌ပြေးလွှားနေတဲ့သဏ္ဍာန်နှစ်ခု... တစ်လောက်လက်ကိုတစ်ယောက်ဆွဲပြီးမရပ်မနားပြေးနေရင်းအဆွဲခံရတဲ့ကောင်လေးက...

"အားလော့...သူတို့နဲ့တော်တော်ဝေးနေပြီထင်တယ်...ခဏနားရအောင်"

ရှေ့မှကောင်လေးကဘာမှတော့မပြောပေမဲ့ ပြေးနေသည့်အရှိန်ကိုလျော့လိုက်လေသည်။ ပြီးနောက်စမ်းချောင်းလေးတစ်ခုအနား၌နှစ်ယောက်သားအနားယူလိုက်ကြလေသည်။

တစ်အောင့်နားပြီးတော့ အစာအတွက်သစ်သီးအနည်းငယ်ရှာရန်ရင်း အားလော့၏ရင်ခွင်ထဲတွင်သိုင်းလွယ်ထားသည့်အထုပ်အားတစ်ချက်ကြည့်ကာ..."အားလော့ငါသစ်သီးဖြစ်ဖြစ်သားကောင်ငယ်လေးတွေဖြစ်ဖြစ်သွားရှာလိုက်ဦးမယ်...ဒီမှါခဏနေခဲ့နော်..."

အားလော့ကပြုံးပြီးခေါင်းညိမ့်ပြလေသည်။ လုပ်စိလုပ်စိဖြစ်နေတဲ့အားလော့ရင်ခွင်ထဲကအထုပ်လေးသည်သူ့၏အမြင်ကိုလွန်စွာဆွဲဆောင်ပေသည်။ ထို့ကြောင့်မနေနိုင်စွာဖြင့်

"အားလော့...ဒါ...ဒါလေးက..."

အထုပ်လေးကိုလက်ညှိုးတထိုးထိုးဖြင့်ပြောတော့အားလော့ကသွားပေါ်အောင်ပင်ရယ်ကာ အထုပ်လေးကိုဖြေချလိုက်ပေသည်။ အထုပ်ထဲတွင်ဖြူဖြူလုံးလုံးကလေးတစ်ယောက်ထွက်ပေါ်လာလေသည်။

"ဒါ..ခိုး..ခိုးလာတာလား..."တစ်နှစ်သားအရွယ်ကလေးလေးကိုကြည့်ရင်း အားလော့ကိုအလန့်တကြားမေးမိလေသည်။
အားလော့ကတော့ခေါင်းအသည်းအသန်ခါရင်းအမူအယာနဲ့ပြောပြနေလေသည်။ အားလော့ဘာကိုဆိုလိုမှန်းနားမလည်ပေမဲ့..အားလော့ညာမည်မဟုတ်သည်ကိုယုံကြည်လေသည်။

"ငါ...တောင်းပန်ပါတယ်နော်...မင်းကိုယုံကြည်ရမှာ...ငါအစာသွားရှာထားလိုက်မယ် ကလေးနဲ့မင်းအနားယူနေလိုက်နော်"
ခေါင်းလေးကိုဖွဖွလေးပွတ်ပေးရင်းထွက်လာခဲ့လိုက်သည်။ သူနဲ့အားလော့ရင်းနှီးလာသည်မှာ2ရက်ကြီးများတောင်ရှိလေပြီ။

သူ့နာမည်က ကျင်းဟွမ်...ကျင်းနိုင်ငံဘုရင်ရဲ့အကြီးဆုံးအစ်ကိုတော်...သူလွမ်ဂိုဏ်းကျောင်းတော်မှာပညာသင်နေတုန်းခမည်းတော်နတ်ရွာစံကာ တတိယညီတော်ကနန်းတက်သွားသည်ကိုစာပို့ခိုရောက်ရှိသောကြောင့်သိခဲ့ရလေသည်။ လွမ်ဂိုဏ်းကျောင်းတော်ကအပြင်လောကနှင့်ဆက်သွယ်မှုမရှိပေ။ ညီတော်ကအရည်အချင်းပြည့်ဝသူ့မို့တိုင်းပြည်ကိုသူစိတ်ချလေသည်။ လွမ်ဂိုဏ်းကျောင်းတော်မှာဆက်လက်နေထိုင်ရင်းလောကနှင့်အဆက်သွယ်ဖြတ်လိုက်ကာတရားဘောင်တွင်းသို့မကြာမှီဝင်ရောက်တော့ပေမည်။ ထို့ကြောင့်မိခင်နှင့်ကျန်သူများကိုနှုတ်ဆက်ရန်ကျင်းနိုင်ငံသို့ပြန်လာခဲ့သည်။ နန်းတော်၌သူအရင်ကသိခဲ့သူတစ်ယောက်မှမရှိတော့ပေ။ ညီတော်ထံသွားရောက်မေးမြန်းတော့ ပုန်ကန်သူဟုခေါင်းစဥ်တပ်ကာဖမ်းဆီးခိုင်းလေသည်။ နန်းတွင်းရှိအမတ်များမှာ လက်ရှိဘုရင်ကိုဘုရားကဲ့သို့ပင်ကိုးကွယ်နေကြသည်ကိုအံ့သြဖွယ်သတိထားခဲ့မိလေသည်။ ဟိုရှောင်ဒီပြေးရင်းပင်ပန်းကာသတိလစ်သွားချိန်တွင် အားလော့ဆိုသည့်ကောင်လေးကသူ့ကိုကယ်တင်ခဲ့လေသည်။ အားလော့ကစကားမပြောနိုင်ပေ။ သူဘာပြောပြောငြိမ်၍နားထောင်ပြီးပြန်ပြောချင်တဲ့စကားတချို့ကိုတုတ်ဖြင့်မြေကြီးပေါ်၌ခြစ်ဆွဲပြလေသည်။ သူ့အသက်သခင်ဖြစ်တဲ့အားလော့ကအရှေ့တောင်အရပ်တွင်လူသွားရှာမည်ဟုသိရသောကြောင့်အားလော့နှင့်အဖော်လိုက်ကာ ကာကွယ်ပေးရန်လိုက်လာခဲ့လေသည်။ အရှေ့တောင်အရပ်တွင်လွမ်ဂိုဏ်းကျောင်းတော်ရှိသောကြောင့်ပို၍ပင်အဆင်ပြေသည်။ သူ့အပိုင်ဒေသဖြစ်၍ပင်။

I am a System30 (series1)Where stories live. Discover now