Arc-2.4(ညှိုး)

3.4K 397 14
                                    

Unicode

Blessစိုက်ခင်းထဲသွားပြီးမြို့ထဲသွားလည်ကာ စံအိမ်သို့ပြန်လာခဲ့သည်။ သူမကသာမန်မိန်းကလေးမှမဟုတ်ပဲ...

တကယ်တော့သူမရဲ့အသက်က30ရှိပြီဖြစ်သည်။ တစ်နေ့သူမလှေကားပေါ်မှလှိမ့်ကျပြီး အသက်10နှစ်အရွယ် အစ်ကိုဖြစ်သူမဆုံးခင်အချိန်ကိုပြန်ရောက်လာခြင်းဖြစ်သည်။

သူမဘယ်တုန်းကမှပြန်မစဥ်းစားချင်တဲ့အိပ်မက်ဆိုး ....ဘယ်တော့မှပြန်ပြင်လို့မရတော့ဘူးထင်ပေမဲ့ အဖဘုရားကသူမကိုအခွင့်အရေးပေးခဲ့သည်။

အရင်ဘဝတုန်းကသူမကအစ်ကိုဖြစ်သူကိုမတော်တဆတွေ့ခဲ့သည်။ နောက်တွင်သွေးရင်းမို့ရင်းနှီးလွယ်ပြီး အပြင်သို့ခေါ်ကာလျောက်ဆော့ခဲ့ကြသည်။ ကိုယ်ခံအားနည်းတဲ့အစ်ကိုကအအေးမိသွားခဲ့သည်မို့အိမ်ထဲအပိတ်ခံခဲ့ရသည်။ နောက်ဆုံးတစ်ခေါက်ခိုးထွက်မိတော့ အားလုံးအိမ်ပြန်ခေါ်ခံပြီးနောက်မနက်မှာအစ်ကိုကဆုံးသွားခဲ့သည်။ အစ်ကိုရဲ့သေဆုံးမှုကတစ်ခုခုလွဲနေမှန်းသိသော်လည်း အိမ်စေထိန်းကိုသူမမလွန်ဆန်နိုင်ခဲ့ပေ။ 2လကြာတဲ့အထိသူမဦးလေးကပြန်မလာခဲ့ပေ။ ပြန်လာချင်းချင်းသူမနဲ့စေ့စပ်ထားတဲ့သူရှိတဲ့အင်္ဂလန်သို့ပို့ဆောင်ခဲ့သည်။

သူမမသွားချင်ပေမဲ့လွန်ဆန်နိုင်ဖို့အင်အားသူမထံ၌မရှိ...အင်္ဂလန်သို့ရောက်သော်သူမဖခင်ဘက်ကဆွေမျိုးတွေကသူမကိုစောင့်ရှောက်မဲ့အရေးမှရှောင်ပြေးခဲ့ကြသည်။ ထို့ကြောင့်စေ့စပ်ထားတဲ့ ကောင်လေးအိမ်၌သာနေခဲ့ရသည်။ ထိုသို့နေထိုင်ခြင်းကမြန်မာနိုင်ငံမှာဆိုမသင့်လျော်ပေမဲ့ ဤနိုင်ငံမှာထိုသို့မဟုတ်။ ဒေါ်ဒေါ်နှင့်အန်ကယ်တို့ကလည်း သူမကိုအရမ်းချစ်ကာဂရုစိုက်ကြသည်။ ဒေါ်ဒေါ်ကမြန်မာနိုင်ငံကတိုင်းရင်းသားပဲလေ။ စေ့စပ်ထားတဲ့ကောင်လေးနာမည်ကတော့ Winnerတဲ့...သူကတော့လူတိုင်းနှင့်ရင်းနှီးလွယ်သည်။ သူမအင်္ဂလန်မှာနေရင်းကိုကို့ရောဂါအကြောင်းအသေးစိတ်လေ့လာမိသည်။ ရောဂါကကူးစက်ရောဂါမဟုတ်ပေ...ကိုယ်ခံအားနည်းခြင်းနှင့်အာရုံကြောအားနည်းခြင်းသာလေ့ကျင့်ခန်းသေချာလုပ်ပြီးအားဆေးပုံမှန်သောက်ရင်ပျောက်ကင်းနိုင်ပေသည်။...သို့ပေမဲ့ကိုကိုကြတော့ ကူးစက်ရောဂါဟုဆိုကာအိမ်ထဲမှအိမ်ပြင်မထွက်ရ အိပ်ယာပေါ်မှမထရခြင်းကြောင့် ချိနဲ့သွားရပုံပေါ်သည်။

I am a System30 (series1)Where stories live. Discover now