ဘန်း!

ကျည်ဆံထွက်သွားပေမဲ့ ဦးတည်ရာကတော့
လုံရှီလက်မောင်းကို ချုပ်ကိုင်ထားသော
ကျိုယန်လက်ဆီ ဖြစ်သည်။

Nine Eaglesခေါင်းဆောင်မှာ
လျန်ကျွင်းနှင့်ရှီကျင်းကို သတိရှိရှိကြည့်နေတာ
ဖြစ်သည့်အတွက် အေးတိအေးစက်နှာမှုတ်ကာ
လုံရှီကို သူနဲ့အတူဆွဲခေါ်ကာ
ရှောင်တိမ်းလိုက်သည်။

ထိုပစ်ချက်သည် နှစ်ဦးနှစ်ဖက်ကြားက
ပါးလွှာသောတည်ငြိမ်မှုကို ဖျက်ဆီးပစ်လိုက်သည်။
ရုတ်တရက်ဆိုသလိုပဲ ကုန်းပတ်နှစ်ခုလုံးဆီမှ
များစွာသောလူများထွက်ပေါ်လာကာ
အချင်းချင်း ချိန်ရွယ်ထားကြပြီး တိုက်ပွဲဖြစ်လုဆဲဆဲ
အခြေအနေသို့ ရောက်ရှိလာသည်။

လျန်ကျွင်း၏ယူနစ်ဘားလည်း
လုံရှီပါးစပ်ပိတ်ပြီး နှစ်ဖက်စလုံး
နှစ်ခြမ်းကွဲသွားသည်နှင့် ၉၅၀ကို ပြန်ကျသွားသည်။

ရှီကျင်းလည်း လုံရှီနဲ့ပတ်သတ်ပြီး တစ်ခုခု
မူမမှန်ကြောင်း ပိုသေချာလာသဖြင့်
ထိုသူကို လျန်ကျွင်းနှင့် လုံးဝပတ်သတ်ခွင့်
မပြုနိုင်ပေ။ သေနတ်ကို ကျည်ပြန်ဖြည့်ကာ
ဒီတစ်ကြိမ်တော့ သစ္စာဖောက်၏ခေါင်းကို
တည့်တည့်ချိန်လိုက်သည်။

လုံရှီအမူအရာက ပိုဆိုးရွားလာပြီး ရှီကျင်းကို
ကြည့်နေသောမျက်လုံးများမှာ အမုန်းတရားများ
အပြည့်ဖြစ်သည်။သူသည် ရုန်းကန်ကာ
အော်ဖို့ကြံပေမဲ့ ကျိုယန်က သူ့ပါးစပ်ကို
အဝတ်စဖြင့် ဆို့ပိတ်လိုက်သည်။

"မင်းရဲ့လက်အောက်ငယ်သားကတော့
မင်းကို အသက်မရှင်စေချင်ဘူးထင်တယ်
လျန်ကျွင်း"
ကျိုယန်သည် လေးလေးကန်ကန်ပြောကာ
လုံရှီလက်မောင်းတွင် စိုက်ထားသောဓားကို
ဆတ်ကနဲ ဆွဲထုတ်လိုက်သည်။

သွေးများစီးထွက်လာကာ ကုန်းပတ်ပေါ်
ပြောက်တိပြောက်ကျား စင်ကုန်သည်။
လုံရှီ၏မျက်လုံးများ ပြူးကျယ်သွားကာ
ပါးစပ်ကိုပိတ်ဆို့ထားခြင်းကြောင့်
လုံးထွေးသောအသံဖြင့် အော်ညည်းလိုက်သည်။
သူ့မျက်နှာမှာ တဟုန်ချင်း
အရောင်ဖျော့လာတော့သည်။

ဦးလေးလုံသည် အံကိုကြိတ်ကာ
အကြည့်လွှဲလိုက်မိသည်။

ကျိုယန်သည် သွေးပေနေသည့်ဓားကို
လုံရှီ့အင်္ကျီဖြင့်သုတ်ကာ ရှီကျင်းနောက်
ကွယ်နေသောလျန်ကျွင်းကို ကြည့်၍
ပြောသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now