Extra💜

12K 937 34
                                    

Unicode

Top Asian Stars Awards Invitationဖိတ်စာကိုအထပ်ထပ်အခါခါဖွင့်ကြည့်လိုက် ပြန်ပိတ်လိုက်ဖြင့်စိတ်လှုပ်ရှားနေသည့်Taehyungကို မန်နေဂျာအစ်ကိုHoseokက ကားမောင်းရင်းနောက်ကြည့်မှန်ကနေလှမ်းကြည့်ရင်းပြုံးသည်။

"ငါတို့Taehyungလေး အရမ်းပျော်နေတာဟုတ်လား?"

"Nae! ဒီပွဲကိုဒီလောက်မြန်မြန်ကြီး တက်ခွင့်ရမယ်လို့ကျွန်တော်လုံးဝမမျှော်လင့်ထားခဲ့ဘူး"

Taehyungမှာတကယ်လည်းစိတ်လှုပ်ရှားကာပျော်ရွှင်နေရသည်။

ဒီTop Asian Starsဆုပေးပွဲဆိုတာနှစ်တစ်နှစ်ကုန်ဆုံးတိုင်းကျင်းပသည့် အာရှနိုင်ငံတွေမှအနုပညာလောကသားတွေအတွက်ဆုပေးပွဲအကြီးကြီးဖြစ်သည်။

အာရှတခွင်အောင်မြင်ကျော်ကြားသည့်နာမည်ကြီးအနုပညာရှင်တွေ Idolတွေသာတက်ရောက်ခွင့်ရကာ ဆုရကြသည့်ပွဲကြီးဖြစ်သည်။

ထို့ပြင်ယင်းဆုပေးပွဲမှဆုကြီးတွေရဖူးတွေဟာ အနုပညာလောကမှာအောင်မြင်သည့်ပန်းတစ်ပွင့်ဖြစ်သွားပြီ ဆိုသည့်နာမည်ပါရှိတာကြောင့် ထိုပွဲမှဆုသည်သူတို့လိုအနုပညာရှင်တိုင်းရဲ့အိမ်မက်ဖြစ်သည်ဟုဆိုနိုင်လေသည်။

TaehyungမှာအနုပညာDebuteသက်တမ်းနှစ်အနည်းဆုံးနဲ့အနေနဲ့ဒီဆုပေးပွဲကိုဖိတ်ကြားခံရသည့်ပထမဆုံးအနုပညာရှင်ဖြစ်လာသည်။

သူတို့ရဲ့"Because of Jeon Taehyung" The seriesနဲ့လည်းရှေ့တစ်နှစ်ကnominationတွေဝင်ခဲ့ပြီး Popular series of the yearဆုကြီးရခဲ့ဖူးသည်။ အဲ့တုန်းကတော့ သူကပွဲမတက်ရသေးတာကြောင့်Jungkookတစ်ယောက်တည်းဆုယူခဲ့ရသည်။

ယခုနှစ်လည်း သူတို့နှစ်ယောက်အတွက်new seriesဖြစ်တဲ့ Because of Jeon Taehyung (season II)ကnominatedဖြစ်ထားသေးတာကြောင့် ဒီနှစ်တော့သူအပါအဝင်သူတို့series teamတစ်ခုလုံးကသူတွေတက်ရောက်ကြရမည်ဟုသိထားရသည်။

'ဒူ ဒူ ဒူ'

ဖိတ်စာကိုကြည့်နေတုန်း ဝင်လာသည့်ဖုန်းcallလေးကြောင့် သူအမြန်ပင်ဖုန်းလေးကိုင်လိုက်မိသည်။ အပြုံးတွေကလည်းဖုံးဖိမရ။

"မောင်..."

Taehyungက အသံဆာဆာလေးဖြင့်ချစ်စဖွယ်ဖုန်းထူးလိုက်တော့တစ်ဖက်မှJungkookရဲ့သဘောကျစွာရယ်သံကအရင်ဆုံးထွက်လာသည်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now