(( 3 ))

14.5K 1.5K 143
                                    

Unicode

"ကျွန်တော်ဆက်မရိုက်ချင်တော့ဘူးhyung"

"ဘာလို့လဲTaehyungရဲ့.... ရိုက်ကူးရေးကHyungကြည့်နေရသလောက်အဆင်ပြေတာပဲကို... မဟုတ်ဘူး အဆင်ပြေတာထက်ကိုပိုတယ်"

"မဟုတ်ဘူး ဒီတိုင်း... "

"မနေ့ကနမ်းလိုက်တဲ့sceneကြောင့်လား?"

မန်နေဂျာhyungမေးလိုက်တော့မှ လှစ်ခနဲစောင်ပါခေါင်းမြီးခြုံသွားသည့်Taehyungကြောင့် မန်နေဂျာဟန်မှာရယ်မိသွားရတော့သည်။

ရှက်လိုက်တာလည်းလွန်နေရောပဲ။ Taehyungလေးရဲ့မန်နေဂျာဖြစ်လာတာသူအရံမင်းသားလေးအနေနဲ့စdebuteကတည်းကဆိုတော့ အစ်ကိုတစ်ယောက်လိုပဲအကြောင်းကသိနေပြီဖြစ်သည်။

Supporting roleကစလို့ Main leadအနေနဲ့ရိုက်ခဲ့တဲ့seriesတွေမှာတောင် ကျောင်းသားဇာတ်လမ်းတွဲတို့ သာမန်လူငယ်ဇာတ်လမ်းတွဲပေါ့ပေါ့ပါးပါးမျိုးလေးတွေဖြစ်တာကြောင့် မင်းသမီးတွေနဲ့တွဲပြီးသာမန်Kiss sceneတွေလောက်ကလွဲပြီး အလွန်အကြူးအနမ်းခန်းတောင်ရိုက်ဖူးသူမဟုတ်။

အခုBecause of Jeon Taehyungကျမှပဲ Kiss scenesတွေကနည်းတာမဟုတ်။ သူလေးအနေခက်တာလဲမပြောနဲ့။ အိမ်ထောင်ရေးseriesဆိုတော့ bed scenesကလည်းပါသေးသည်ထင်သည်။ ထိုအရာတွေထက်အရေးကြီးဆုံးက နမ်းဖို့အရေးတောင်ရှက်နေသည့်ဒီTaeလုံးလေး မနက်ဖြန် seriesရဲ့ posterအတွက်photo shootingကျရင် ဘယ်လိုတွေဖြစ်နေအုံးမှာပါလိမ့်??

"Jungkookဖြစ်နေလို့နေရခက်နေတာလား? တခြားသူတစ်ယောက်နဲ့ဆိုရင်ရော အဲ့လိုတွေးကြည့်မိလား?"

သူပြောလိုက်တော့ စောင်ပုံထဲကနေထွက်လာကာငုတ်တုပ်ကလေးထထိုင်သည်။ ပွယောင်းယောင်းဆံပင်ကလေးနဲ့စူပုပ်ပုပ်မျက်နှာလေးနှင့်Taehyungဟာ သရုပ်ဆောင်မင်းသားတစ်ယောက်လို့ဘယ်သူမှထင်ည်မဟုတ်။ ထို့ပြင် အခုတလောစိတ်ကြိုက်စားခွင့်ပေးထားသည်မလို့ဖောင်းပြည့်လာသည့်ပါးလုံးလုံးနှစ်ဖက်ကြောင်​့ မျက်နှာလေးကပြည့်ပြည့်ကလေးဖြစ်နေသည်။

"Hyungပြောချင်တာကဒီလိုလေ ... Jungkookနေရာမှာ Taehyungie Hwarangရိုက်တုန်းကhyungတစ်ယောက်ယောက် ဥပမာ Park SeojunသာဆိုTaeလေးရိုက်ရတာအဆင်ပြေလောက်လား??"

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Dove le storie prendono vita. Scoprilo ora