(( 4 ))

14.1K 1.5K 82
                                    

Unicode

"Jungkook ahတအားသောက်လို့မဖြစ်ဘူးနော် မနက်ဖြန်မနက်ပိုင်းအသံသွင်းဖို့ရှိတယ်သိတယ်မလား? ကုမ္ပဏီသွားရမယ်"

"Nae ကျွန်တော်သိပါတယ်"

"ဟုတ်ပြီ အဲ့တာဆိုHyungပြန်နှင့်ပြီနော်Jungkook ကားကိုဂရုစိုက်မောင်းသွားအုံး"

"Nae"

Jungkookရဲ့မန်နေဂျာHyungက သူတို့ကိုကားပေးကာပြန်သွားနှင့်ပြီမလို့ Jungkookကကားမောင်းခေါ်သည့်နောက်သို့ပါလာသည်။

"အပြင်မှာဆိုပရိတ်သတ်တွေနဲ့အဆင်မပြေလောက်လို့ ကျွန်တော့်ရဲ့ကွန်ဒိုမှာစုဖို့လုပ်လိုက်ကြတာ Taehyung siiအဆင်ပြေတယ်မလား?"

"Nae အဆင်ပြေပါတယ်Jungkook sii"

ကားမောင်းရင်းနှင့် သူ့အားလှည့်ကာပြောလာသည့်Jungkook။ ဘေးတိုက်အနေထားနှင့်မျက်နှာချောချောကို ဘာရယ်မဟုတ်Taehyungသတိလက်လွတ်ငေးကြည့်နေမိသည်။

Ommaပြောတော့သူ့ကိုမှတ်မိတယ်လည်းပြောသေးတယ် အခုကျမသိချင်ယောင်ဆောင်နေတာလား?ပြီးတော့Jungkookက အမှန်ဆိုသူ့ထက်ငယ်တယ်မဟုတ်ဘူးလား? ခေါ်နေတာကTaehyung sii Taehyung siiနဲ့။ Hyungလို့ခေါ်တော့ ဘယ်သူကဘာပြောမှာကျလို့။ ငယ်ငယ်တုန်းကအတင်းတွေလိုက်နမ်းတာသူမဟုတ်တဲ့အတိုင်း အခုကျမှအရမ်းတွေသူစိမ်းဆန်ပြနေတယ်။

Jungkookတစ်ယောက်ကားမောင်းရင်း ဘေးကိုလှည့်ကြည့်မိတော့သူ့အားမျက်စောင်းတထိုးထိုးနဲ့ ပေစောင်းစောင်းလေးကြည့်နေသည့်Hyungပေါက်စကြောင့် ရယ်ချင်သွားရသည်။ ဒါကရောဘယ်လိုအမူအယာအသစ်လေးလဲKim Taehyung?

"ဘာလို့ကျွန်တော့်ကိုအဲ့လိုကြီးကြည့်နေတာလဲTaehyung sii?? ပြောစရာရှိလို့လား?"

သူပြောလိုက်တော့မှ ရှေ့တည့်တည့်သို့ထိုင်နေရာကနေသူ့ဖက်သို့အကျအနစောင်းကာလှည့်ကြည့်လာသည့်Tae။ ကြည့်ရတာမကျေနပ်တာတစ်ခုခုကို ရှယ်ပြောတော့မည့်ပုံနဲ့။

"မင်းJungkookမဟုတ်လား?"

"Nae?? ကျွန်တော်Jungkookဟုတ်တယ်လေTaehyung siiရဲ့ "

"ဟင့်အင်း ဟင့်အင်း ကျွန်တော်မေးတာJungkook siiက ကျွန်တော်ငယ်ငယ်ကသိတဲ့Jungkookမဟုတ်လားလို့? အန်တီSung Miရဲ့သားလေ"

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now