(( 7 ))

11.9K 1.3K 90
                                    

Unicode

"Cut! Taehyung siiအဆင်ပြေတယ် Hyunလေးက နည်းနည်းစကားပြောတာအဆင်မပြေဘူးဖြစ်နေတယ် အခုsceneကိုခဏဖြတ်မယ်နော် Jungkookနဲ့Hyunလေးက နောက်sceneအရင်ပြောင်းရိုက်မယ် ကဲကဲ ရိုက်ကူးရေးအပေါ်ထပ်ရွှေ့မယ် "

ဒါရိုက်တာSeokjinပြောတော့ ရိုက်ကူးအဖွဲ့သားတွေsettingအရွှေ့အပြောင်းတွေဖြင့် အလုပ်ရှုပ်သွားကြသည်။

အိမ်ကြီးထဲမှာတင် တစ်နေကုန်ရိုက်ကူးအရွှေ့အပြောင်းတွေနဲ့မပြီးနိုင်သေး။ Jungkookနဲ့sceneတွေရိုက်ပြီးသွားတော့ သူ့အနားသို့မန်နေဂျာHyungနှင့်မိတ်ကပ်Noonaတွေက အပြေးလေးရောက်လာကြသည်။

"တော်တယ်Taehyung ah...ရော့ရေအေးလေးဝယ်ထားတယ်တယ်သောက်လိုက်အုံး "

မန်နေဂျာHyungဆီကရေခဲရေဘူးလေးကိုမော့သောက်လိုက်ရင်း ခပ်လှမ်းလှမ်းကJungkookဆီသို့မျက်စိအကြည့်လေးရောက်သွားမိတော့ Hyunလေးဆိုသည့်တစ်ယောက်နှင့်ဘာတွေပြောနေကြလဲမသိ ပြုံးပျော်နေကြတာ။

သူကြည့်နေတုန်းမှာပင် သူ့ဖက်လှမ်းကြည့်လာသည့် Jungkook။ သူ့ကိုလှမ်းပြုံးပြတာလည်းတွေ့သည် သို့သော်ဟန်မဆောင်နိုင်စွာပင် စိတ်ကကြည်မနေ။ ဘာကိုမကြည်နေမှန်းလဲမသိ။ ဟန်ဆောင်ပန်ဆောင်ပင် ပြန်ပြီးပြုံးမပြနိုင်။ မျက်စောင်းပင်ထိုးမိသွားလားမသိတော့ မျက်နှာလွှဲပစ်မိသည်။

သူတို့နားနေတဲ့အခန်းထဲကခုံလေးမှာထိုင်နေတုန်း မန်နေဂျာကHyungနှင့်တူတူဇာတ်ညွှန်းလေ့ကျင်နေလိုက်သည်။ မိတ်ကပ်Noonaတွေကလဲ သူ့မျက်နှာပေါ်ကချွေးလေးတွေလာသုတ်ပေးလိုက် ဆံပင်ပုံလာပြင်ပေးလိုက်ဖြင့်အလုပ်ရှုပ်​ေနကြသည်။

"ဒါနဲ့မနေ့ကHyung companyကိုသွားတော့ Minhoရဲ့မန်​နေဂျာအကိုနဲ့တွေ့သေးတယ်"

"ဟုတ်လား?? ကျွန်တော်တောင်Minhoနဲ့ဒီseriesစရိုက်ကတည်းက အဆက်အသွယ်မလုပ်အားသေးဘူးဖြစ်နေတာ"

"အင်း အဲ့အကိုပြောတာတော့Minhoက ဒရာမာရိုက်ကူးရေးလုပ်နေရတာတဲ့ သူလဲမအားလို့မဆက်သွယ်တာနေမှာပါ"

"အာ ဟုတ်သားပဲ ကျွန်တော်နဲ့CEOအပေးအယူလုပ်ထားတဲ့Seriesဖြစ်မယ် "

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now