(( 10 ))

12.4K 1.3K 117
                                    

Unicode

ကောင်းကင်တစ်ခုလုံးအုံ့ဆိုင်းလာတာကြောင့် ဒါရိုက်တာSeokjinက ရိုက်ကွင်းကိုoutdoorကနေ Indoorသို့ပြောင်းရိုက်မည်ဆိုသဖြင့် ရိုက်ကူးရေးခဏနားနေရသည်။

မိုးရွာခါနီးအခြေအနေမလို့ မိုးသက်လေအေးတွေတိုက်ခတ်မှုကြောင့် ရာသီဥတုလေးကအေးစိမ့်စိမ့်။ Taeကနေမကောင်းတာကြောင့် ဒီနေ့ရိုက်ကွင်းမလာ။ ထို့ကြောင့်မိုးအေးအေးနှင့် Jungkookမှာချစ်သူလေးကိုအလွမ်းသယ်နေရသည်။

စိတ်ရှိတိုင်းသာဆို Taehyung condoသို့လိုက်သွားချင်ပေမဲ့Jin hyungကမသွားခိုင်း။မန်နေဂျာHyungကလည်း လိုက်မပို့။ ထို့ကြောင့်Jungkook မှာဒီနေ့အတွက်ရိုက်ကူးရေးမြန်မြန်ပြီးဖို့သာ တာဆူနေသည်။

"Cut!! အိုကေပြီ ... အဆင်ပြေတယ် အားလုံးဒီနေ့အတွက်တာဝန်ကျေကြပါတယ် ... ကဲကဲရိုက်ကွင်းသိမ်းမယ်ဟေ့"

ရိုက်ကွင်းနားတော့ညနေစောင်းစပြုနေလေပြီ။ SeokjinကJungkookနားသို့လျှောက်လာကာ

"မင်းအခုTaehyungဆီသွားမှာမလား?"

"Nae hyung"

"အင်း သူ့မန်နေဂျာကိုတော့ပြောထားပေမဲ့ ထပ်ပြီးသတိပေလိုက်အုံး မနက်ဖြန်မနက်ရှုတင်မစခင်Because of Jeon Taehyung series Exclusive Interviewရှိတယ်နော်"

"Nae ကျွန်တော်ပြောလိုက်ပါ့မယ်"

"အင်းပြီးတော့ အခုနောက်ပိုင်းအနေအထိုင်မင်းဂရုစိုက်အုံး အင်တာဗျူးတွေ series promotionsပွဲတွေအတွက်ရိုက်ကူးရေးတွေရှိလာရင် အနေအထိုင်နည်းနည်းဆင်ခြင်အုံးJungkook...မင်းလက်တွေ့မှာTaehyungဘယ်လောက်ထိချစ်လဲဆိုတာငါတို့သိတယ် အဓိကကမင်းတို့ကလောလောဆယ်On screen loverဆိုတာမမေ့နဲ့"

Jin hyungပြောတာတွေလဲ အမှန်တွေပင်မလို့Jungkookမှာခေါင်းငြိမ့်သက်ပြင်းချရုံသာတတ်နိုင်သည်။

Jinကတော့ Jungkookပုံစံကိုကြည့်ပြီးသဘောကျစွာရယ်သည်။ သတိမပေးလို့လဲမရ ဇာတ်ကားလွှင့်နေတိုင်းအပတ်တိုင်းမှာကို behind the sceneတွေထုတ်ပေးရရင်သူ့မှာရင်တထိတ်ထိတ်။

Behind the sceneတွေမှာဆိုလည်းJeon Jungkookကထိန်းမှမရပဲ။ Taehyungအနားပဲကပ်ပြီး လိုက်စလိုက်ကျီစယ်လိုက်နဲ့ တစ်ယောက်တည်းတကဲကဲဖြစ်နေတာမလို့ သူတို့မှာBTSတွေထုတ်ပေးရင် သေချာတည်းဖြတ်ပြီးမှထုတ်ပေးရသည်လေ။ ဒါတောင်Jungkookရဲ့skinship cutတွေဆိုဖြတ်လိုက်ရတဲ့အပိုင်းတွေအများကြီး။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now