"သည်းလည်းသတိရပါတယ်...
ဟွန်းရဲ့..."

"ကိုယ်ကပိုတာပါ...အသည်း
ရယ်..."

"အင်းပါ...ဟွန်းကပိုတယ်ပဲ
ထားလိုက်ပါတော့....ဟွန့်..."

"အယ်...အဲဒါဘာဖြစ်သွားတာလဲ
အသည်းရ...ပြောစမ်းပါဦး...
နှုတ်ခမ်းပိစိလေးကစူနေပြီများ
လား...."

ဟွန်းရဲ့စကားကြောင့်..စူနေပြီ
ဖြစ်တဲ့သူ့နှုတ်ခမ်းကိုအမြန်ပြန်စိ
ပစ်လိုက်သည်...။
ဒီလောက်အထိကြီးသိ
နေရအောင်..ဟွန်း ကနတ်
မျက်စိတွေများရနေတာလား...။

"မစူပါဘူး..."

"တကယ်ကြီး?"

"တကယ်!!"

"ဟုတ်လို့လား..သည်းရယ်...
ကိုယ့်အသည်းကနှုတ်ခမ်းမစူ
တဲ့နေ့မရှိဖူးပါဘူး....။
အမြဲပဲ...စူထော်နေပြီးတော့...
ခုနကလိုဆို..သေချာပေါက်စူ
နေလောက်ပါပြီ....ကိုယ့်ကို
မလိမ်ချင်စမ်းပါနဲ့..."

"ဟာ....ဟွန်းနော်...သည်းက
မစူဘူးလို့ပြောရင်...မစူဘူးပေါ့..
ဘာတွေအထွန့်တက်နေတာ
တုန်း..."

တစ်ဖက်ကသည်းရဲ့အသံက
ဒေါသသံလေးနည်းနည်းစွက်
လာတာကြောင့်...ဆယ်ဟွန်း
သဘောတကျပြုံးလိုက်သည်...။
အဲ့ဟာလေးက...တကယ့်လူပု
စိတ်တိုလေး....။

"ဟုတ်ပါပြီ...သည်းရယ်...
ကိုယ်အထွန့်မတက်တော့ဘူး...
ဟုတ်ပြီလား...။
ကယ်!...ခုနကလွမ်းတဲ့
အကြောင်းလေးပြန်ဆက်ကြရ
အောင်.."

ဆိုတော့..တစ်ဖက်ကအဆိုးလေး
ကငြိမ်ပြီးနားထောင်လေရဲ့....။

"သည်း.....ကိုယ်တော့သည်းနဲ့တွေ့ချင်ပြီကွာ..
ကိုယ်တို့နှစ်ယောက်..ချစ်သူဖြစ်
ပြီးကတည်း အပြင်မှာမတွေ့ကြ
ရသေးဘူး...အမြဲပဲ..ဖုန်းပြော
လိုက်..vd call ပြောလိုက်နဲ့။
သည်းရော....ကိုယ်နဲ့မတွေ့ချင်
ဘူးလား..."

"အွန်း.."

သေချာပြန်တွေးကြည့်တော့
လည်း...သူတို့နှစ်ယောက်က
ရှင်ကွဲ.ကွဲနေသလိုပဲ...။
သူတို့နှစ်ယောက်
ပေါ်ပေါ်ထင်ထင်တွေ့ဖို့်က
အဆင်ပြေမနေဘူးလေ...။
Mr သိသွားလို့မဖြစ်ဘူးမို့လား..။
အဲဒါကြောင့်..သူလည်းဂိုဏ်းက
ထွက်ဖို့နည်းလမ်းရှာနေတာ...။
ခက်တာက...သူစဉ်းစားမိသမျှ
ဘယ်နည်းကမှ.အဆင်မပြေဘူး
ုဖြစ်နေတယ်...။

မင်း!...[COMPLETED]حيث تعيش القصص. اكتشف الآن