အားလုံးကိုသိနေတယ်ဆိုပီးကြည့်နေတဲ့ ထယ်ယောင်းကို ဂျန်းကု ဂျိုကြည့်ကြည့်လိုက်လေသည်...
လက်ထဲကကလေးငယ်လေးကတော့သူမဟုတ်သည့်အတိုင်း ရွှင်လို့...
ထိုကလေးငယ်လေးသည် သူ့မိဘတွေလက်ပေါ်မှာ အသေဂျစ်သော်လည်း ဆော့ဂျင်နဲ့ဂျီမင်ကိုတွေ့သည်နှင့် သူ့ရဲ့ပါးချိုင့်များခွက်သည်အထိပြုံးရီတတ်ပါသေးသည်...

"‌ဂျင် ဂျင် ဂျင်"

ဆော့ဂျင်စီကိုလာချင်လွန်းလို့ မပီကလာပီကလာနဲ့ သူ့အဖေလက်ထဲကရုန်းနေတဲ့၀ဖြိုးဖြိုးကလေးငယ်ကို ဂျန်းကုကြည့်မရတော့ပေ...

"ဟိတ်ကောင် ကမ်ယောင်းဆော့
မင်းကိုအကိုဂျင့်ကိုမြင်တာနဲ့ စပ်စလူးထနေတော့တာပဲ
ဟိုမှာတွေ့လား သူ့ဘဲကိုမင်းကိုရိုက်လိမ့်မယ်"

ထယ်ယောင်းရဲ့ပြောသံအဆုံးမှာ ယောင်းဆော့တယောက် ဂျန်းကုကိုလက်ညှိုးတထိုးထိုးနှင့်အော်ငိုပါတော့သည်...

"ဘူး..ဘူး..."

"ကဲ ကဲ လာပါ ဦးဦးချီမယ်"

ဂျင်ပွေ့ချီလိုက်မှအငိုတိတ်သွားတဲ့ ယောင်းဆော့ဟာ ဆော့ဂျင်ရဲ့လည်ပင်းက အနီအမှတ်အသားတွေကိုတွေ့သည်နှင့် ပြန်လည်အော်ငိုပါတော့သည်...

"တိုးတိုးနေကြ ဂျီမင်နေမကောင်းဘူး"

မင်ယွန်းဂီရောက်လာသည်နှင့် အခန်းတခုလုံးတိတ်ဆိတ်သွားတော့လေသည်..
မင်ယွန်းဂီဟာ ထိုသို့ပင်ပတ်ဂျီမင်တယောက်တည်းအတွက်သာ နွေးထွေးသောလူသားဖြစ်ခဲ့လေသည်...

"တော်တော်‌ေနမေကောင်းဖြစ်နေတာလား"

"ခရီးပန်းသွားတာဖြစ်မယ် "

"ခနငါဆေးပေးလိုက်မယ်"

‌ဟိုဆော့ပေးတဲ့ဆေးကိုယူကာအပေါ်ကိုတက်သွားတဲ့ ယွန်းဂီကိုဆော့ဂျင်ကြည့်နေလိုက်သည်...
သူ့သူငယ်ချင်းရေခဲတုံးကြီးကိုပြောင်းခဲစေနိုင်တဲ့သူ ရှိပါသေးလားပေါ့...
ဂျီမင်လည်း နမ်ဂျွန်းစီကနေရုန်းထွက်လာနိုင်ခဲ့ရင်ကောင်းပေမယ်...
အတိတ်ထဲမှာထပ်ပီးကိုယ့်ကိုကိုယ်မပိတ်ထားသင့်တော့ပေ...
ဂျီမင်လည်း ယွန်းဂီအပေါ်ခံစားချက်ရှိနေတယ်ဆိုတာ ဘေးကလူတွေအကုန်လုံးရိပ်မိနေလေပီ...
.
.
.
.
.
.
.
"ဂျီမင် နေကောင်းပီလား"

Only you (Complete)Unde poveștirile trăiesc. Descoperă acum