*13*

1.3K 139 4
                                    

Unicode

ဆော့ဂျင်တယောက် mini marketထဲမှာ စားစရာတွေရွေး၀ယ်နေသည်... အကြောင်းပြချက်ကတော့ ကမ်နမ်ဂျွန်းအမြတ်တော်ရှပီး အခုထိအိမ်ကအလုပ်သမားတွေပြန်မခေါ်သေးသောကြောင့်ပင်.. ကမ်အိမ်တော်ကကြီးသာကြီးသည် အတွင်းတွင်တော့စားစရာတစိမျှမရှိ.. ခေါက်ဆွဲပြုတ်တအိုးတောင်နှစ်ယောက်လုစားနေရသည့်အဖြစ်ပင်..

"ဒါလည်းယူမယ် ပီးတော့...."

ဆော့ဂျင်စားချင်သမျှအကုန်ခြင်းထဲထည့်လိုက်သည်.. ခြင်းတတောင်းလုံးလဲစားစရာတွေအပြည့်ပင်...

"ဒါလည်းယူရမယ် "

ဆော့ဂျင်အကြိုက်ဆုံး အာလူးကြော်အစပ်အထုတ်လေးကစင်ရဲ့အမြင့်ဆုံးမှာရောက်နေသည်.. ဆော့ဂျင်ကိုယ့်ကိုယ်ကိုအရပ်ပုတယ်ဟုတခါမှပင်မတွေးမိ.. ဒါပေမဲ့ဒီအာလူးကြော်ထုပ်ကြောင့် အရပ်ပုတယ်လို့ပဲသတ်မှတ်ရတော့မလိုလိုဖြစ်နေသည်.. ဆော့ဂျင်ခြေဖျားထောက်ယူနေတုန်း အနောက်ကလူယောက်ရောက်လာပီးအာလူးကြော်ထုတ်ကိုဆွဲယူလိုက်သည်.. ဆော့ဂျင်လည်းဒေါသထွက်ပီး အော်ဖို့အနောက်ကိုလှည့်လိုက်တော့ အနောက်မှာရှိနေတဲ့လူရဲ့ရင်ဘတ်ပေါ်ကိုအရှိန်လွန်ပီးပြိုကျသွားတယ်... ဆော့ဂျင်ရဲ့နှလုံးသာဟာလည်းပုံမှန်နဲ့မတူပဲအခုန်မြန်လာလေသည်.. ဆော့ဂျင်အမြန်ထိုလူ့ရင်ခွင်ထဲကနေထွက်ပီး မျက်နှာကိုမော့ကြည့်လိုက်တော့...

"ခင်များ..!!"

"ကမ်ဆော့ဂျင် အဆင်ပြေရဲ့လား"

ထိုလူသည်ဂျန်းကုဖြစ်နေလေသည်... ဆော့ဂျင်အတွက်တော့တော့နာမည်မသိပဲဖုန်းနံပါတ်ပေးမိခဲ့တဲ့သူအဖြစ်သာမှတ်မိနေသည်...

"ဟို... အဲ့အာလူးကြော် ကျွန်တော်အရင်ယူမလို့.."

ဆော့ဂျင် ကပ်ကပ်လန်အောင်ရန်တွေ့မလို့ပြင်ထားပေမဲ့ သူအရင်ယူထားတဲ့အာလူးကြော်မှန်းသိအောင်ကိုဆော့ဂျင်မနည်းပြောလိုက်ရသည်.. ဒါတောင်ဆော့ဂျင်စိတ်လှုပ်ရှားနေ၍အသံကတချက်တုန်သွားသလိုပင်... ဂျန်းကုကတော့ပြုံးပီး...

"ကျွန်တော်သိပါတယ်.. ဒီကကမ်ဆော့ဂျင်အခက်တွေ့နေတယ်ထင်လို့ယူပေးတာပါ"

Only you (Complete)Donde viven las historias. Descúbrelo ahora