*4*

1.7K 204 18
                                    

Unicode

တိတ်ဆိတ်နေတဲ့ဧည့်ခန်းထဲမှာနမ်ဂျွန်းတယောက်တည်းထိုင်ရင်းစဉ်းစားနေမိတယ်....

'ဘာလို့များ ငါချစ်တဲ့အရာတွေ သဘောကျတဲ့အရာတွေက ငါ့အနားကနေထွက်သွားချင်နေရတာလဲ..'

*Ring Ring*

နမ်ဂျွန်း ဖုန်းကိုင်လိုက်တယ်...

"ပြော"
".........."
"သူက မင်ယွန်းဂီအိမ်ကိုရောက်နေပီပေါ့.."
"........."
"ဒီညတော့ထားလိုက်တော့... မနက်ဖြန်မနက်ကျမှ ငါကိုယ်တိုင်သွားခေါ်မယ်"
"........."

ဖုန်းချလိုက်ပီး နမ်ဂျွန်းတချက်ပြုံးလိုက်မိတယ်...

'ကမ်ဆော့ဂျင် မင်းငါ့လက်ကလွတ်အောင်‌မပြေးနိုင်ပါဘူး..'
.
.
.
.
.
.
ဂျန်းကုတယောက် မနက်ကတွေ့ခဲ့တဲ့ ထိုသူရဲ့မျက်နှာလေးကိုခနခနတွေးမိနေတယ်.. တွေးမိတိုင်းပဲပျော်နေမိသလို.. အဲဒီတွေးမိတဲ့အချိန်ခဏလေးမှာလဲ အမုန်းတရားတွေကိုမေ့ထားနိုင်ခဲ့တယ်...

"ဂျက်.."
"ဟုတ်ကဲ့..boss"

ဘေးမှာရပ်နေတဲ့ ဂျက်ဆိုသူကအရံသင့်ဖြေလိုက်တယ်..

"ငါ့ကိုလူတယောက်အကြောင်းစုံစမ်းပေး.."
"ဟုတ်ကဲ့.. ဒါပေမဲ့သူ့ရဲ့ဓာတ်ပုံလိုအပ်ပါတယ်"
"ငါသူ့ရဲ့ပုံတူပန်းချီဆွဲပေးမယ်... အဆင်ပြေတယ်မလား?"
"ဟုတ်ကဲ့"

'ကိုယ်မင်းအကြောင်းတွေကို အခုထက်ပိုပီးသိချင်မိတယ်'

ဂျန်းကုပြုံးလိုက်ရင်း လက်ထဲကစီးကရက်ကို မီးညှိလိုက်တယ်.. အခန်းထဲမှာ ပြန့်လွင့်နေတဲ့စီးကရက်ငွေ့တွေဟာ အမြင်အာရုံအချို့ကိုဝေဝါးလာစေခဲ့တယ်...
.
.
.
.
.
.
"ယွန်းဂီ နိုးလာပီလား.."
"အွန်း"

မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ဆော့ဂျင်က အိပ်ချင်မူးတူးဖြစ်နေတဲ့ယွန်းဂီကိုမေးလိုက်တယ်..

"မနက်စာ မင်းချက်တာလား.."
"အင်း.. ဟုတ်တယ်လေ"
"အဒေါ်ကြီးရော?"
"ငါ အနားယူခိုင်းထားတယ်.. မင်းကငါ့ကိုကူညီထားတာဆိုတော့ပြန်ပီးကျေးဇူးဆပ်ချင်လို့လေ.."

ရယ်ကျဲကျဲပြောနေတဲ့ဆော့ဂျင်ကို ယွန်းဂီမသုန်မမှုန်စိုက်ကြည့်လိုက်တယ်..

Only you (Complete)Where stories live. Discover now