*29*

1.1K 133 14
                                    

Unicode

ဟိုဆော့တယောက် အရှေ့မှာခြားထားတဲ့ မှန်ပြင်ပါးပါးလေးက‌နေ တစုံတယောက်ကို မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်...
ဟိုဆော့ သူ့ရဲ့လက်တွေကိုပြားလျတဲ့မှန်ပြင်ပေါ်တင်လိုက်ရင်း ငိုကြွေးနေခဲ့တယ်...

"အကို ဟိုဆော့ အကို့သမီးလေးကိုကြည့်ပါဦး... ဘလောက်ထိချစ်စရာကောင်းလိုက်လဲ..."

ဟုတ်ပါသည် ထိုမှန်ရဲ့တခြားတဖက်မှာတော့လမစေ့ပဲ သဘာဝအတိုင်းမဟုတ်ပဲ ခွဲထုတ်ယူခဲ့ရသည့် သူ၏သမီးငယ်....

"အကို့ရဲ့ သမီးက အကိုနဲ့သိပ်တူတာပဲ"

ယူရာရဲ့စကားကိုဟိုဆော့ရီလိုက်မိသည်... တကယ်တော့သမီးလေးဟာ ထယ်ယောင်းနဲ့ပိုတူနေတာပင်..
သူမလေးမှာပန်းနုရောင်အသားရေးလေးနဲ့ ချစ်စရာကောင်းတဲ့ပါးဖောင်းဖောင်းလေးတွေရှိနေပီး ထယ်ယောင်းနဲ့တူတဲ့မျက်ဝန်းနက်နက်တွေလဲရှိနေလေတယ်...
လေးတွေနဲ့မှန်တဖက်ကဟိုဆော့ကိုစိုက်ကြည့်နေခဲ့တယ်..

"ငါ..သမီးလေးကို ဘတော့လောက်အပြင်မှာတွေ့ခွင့်ရမှာလဲ...ယူရာ"

"သိပ်မကြာတော့ပါဘူးအကိုရယ်.. ကလေးကမွေးစကပေါင်ချိန်မပြည့်တာရော လမစေ့ပဲမွေးတာကြောင့်ရော အထူးကြပ်မတ်ခန်းကိုရွှေ့ထားခဲ့ရတာ... အခုbabyလေးက၀၀ဖြိုးဖြိုးဖြစ်လာပီဆိုတော့ မကြာခင်တွေ့ခွင့်ရတော့မှာပါ...."

ဟိုဆော့ သမီးငယ်လေးကိုကြည့်ရင်းပြုံးလိုက်မိသည်...
သူအသက်ဆက်ရှင်ဖို့လိုသေးသည်.... သူ့ရဲ့သမီးငယ်လေးအတွက် သူအသက်ဆက်ရှင်ဖို့လိုသေးသည်....
.
.
.
.
.
.
.
စားသောက်ဆိုင်ရဲ့အထူးခန်းထဲမှာ လူသုံးယောက်ဟာတိတ်ဆိတ်စွာထိုင်နေကြတယ်...
သူတို့ဟာတစုံတယောက်အလာကိုစောင့်မျှော်နေကြပုံပင်..

"ဂျွန်းဂျန်းကုက လာမယ်တဲ့လား... မင်"

မေးလာတဲ့ဂျီမင့်ကို ယွန်းဂီခေါင်းငြိမ့်ပြလိုက်သည်...
ဂျီမင်သည်အရင်ကလို ယွန်းဂီကိုစိမ်းစိမ်းကားကားမဟုတ်တော့ပေ...
CEO Minအစား ဘယ်သူမှမခေါ်ဘူးသည့် 'မင်' ဆိုသည့်နာမည်လေးကိုသီးသန့်ခေါ်ပေးရှာသည်...
ဒါပေမဲ့ အခုထိယွန်းဂီကိုလက်မခံနိုင်သေးသလို ကမ်နမ်ဂျွန်းဆိုသည့်သူကိုလည်းမမေ့နိုင်သေးပေ...

Only you (Complete)Where stories live. Discover now