ခဏ အကြာတွင် သူမဆင်းလာသည်။

အဖြူရောင် အခံပေါ်တွင် အနီရောင် အပွင့်အခက် အဖူးလေးများပါသော လုံချည်ကို အနီရောင် အင်္ကျီနှင့် တွဲဖက် ဝတ်ဆင်ထားသည်။
ရိုးရိုး ရင်ဖုံးအင်္ကျီလက်ထောက်ကို ပန်ကြယ်သီး အဖြူရောင် လေးတွေနှင့်ပင်

ရှည်လျားသော ဆံနွယ်တွေကို တစ်ဝက်စည်းကာ အောက်သို့ ဖားလျားချထားသည်။
ဖြူဖွေးသော ပါးမို့မို့လေးပေါ်မှာ မထင်မရှား သနပ်ခါး ပါးကွက်လေးနှင့်
နန်းစံတယ်ဆိုတာ ဒီလိုအလှမျိုးလား

"လှလိုက်တာ ခွန်းရယ်"

ပြောလိုက်တော့ နားရွက်ဖျားလေးတွေ ရဲတက်လာကာ ခေါင်းငုံ့သွားသည့် အမျိုးသမီးလေး
သိပ်လည်း လှရက်သလို သိပ်လည်း ရှက်တတ်ပါသည်

"ခွန်း ကိုယ်တို့ သွားရအောင်"

"အင်း"

အဖြူရောင် ရှပ်အင်္ကျီ လက်ရှည်ကို နီညိုရောင် အကွက်စိတ်စိတ် ပုဆိုးထဲ ထည့်ဝတ်ထားသည့် သူ့ပုံစံဟာ သိပ်ကိုလူကြီးလူကောင်းဆန်သလို ချောမောလှသည်။

သူရဲ့ လက်တစ်ဖက်က စီတီယာတိုင်ကိုင်ထားလျက် ကျန်လက်တစ်ဖက်က ခွန်းလက်ကို ထပ်တူကျစွာ ဆုပ်ကိုင်ထားသည်။

တကယ်တော့ ခွန်း သိပ်ကို ရင်တွေ ခုန်နေသည်။
ဘာကြောင့်မှန်း ခွန်းကိုယ်တိုင်လဲ သေချာ မသိ။
သေချာသည်မှာတော့ အလိုလိုနေရင်း ပြုံးနေမည့် ခွန်းနှုတ်ခမ်းနှင့် ရဲတက်နေသော နားရွက်ဖျားတွေပင် ဖြစ်မည်။

"ခွန်း"

"ရှင်"

"ခွန်း ဒီနေ့ ဘာလို့ သနပ်ခါးလိမ်းလာတာလဲ"

"ခန့်ညားထည်ဝါပဲ မနေ့က လိမ်းထားတဲ့ သနပ်ခါး မွှေးလားမမွှေးလား သိချင်တယ်ဆို"

"ဟင်"

"ဟုတ်တယ်လေ
မနေ့တုန်းက ငိုထားတော့ သနပ်ခါးတွေ ပျက်နေလို့ ဒီနေ့လူးလာတာ"

"တကယ်"

"အင်း ကျွန်မလိမ်းကြည့်တာတော့ တကယ်ကို မွှေးတယ်"

"ဒါဆို ကိုယ်လည်း သိရအောင် မွှေးကြည့်ရမှာပေါ့နော်"

"ဒါပေါ့"

You had me at helloМесто, где живут истории. Откройте их для себя