Part-25

2.6K 256 41
                                        

"ဟင် လက်ထပ်တော့မယ်ဟုတ်လား"

"ဟုတ်ကဲ့ Hyg..."

Hoseok အံ့သြနေမိသည်...မနေ့ကတောင် ပြခန်းကနေ မနည်းပြန်လွှတ်နေရတဲ့ Kookie က ဒီနေ့မနက်မှာ Taehyung ကိုလက်ထပ်တော့မယ်လို့ ပြောလာသည်...

"Taehyung ဘက်ကရော...ဘာလို့ခုထိမနိုးသေးတာလဲသူ..."

"Tae ညက ညဥ့်နက်သွားလို့ပါ...သူသဘောတူမှာပါ Hyg ရဲ့...Hyg သာလက်ခံရင် Tae နဲ့ကျွန်တော် Korea ကိုပြန်သွားပြီး Tae မေမေဆီခွင့်တောင်းမယ်...ပြီးမှ Hyg ကလိုက်ခဲ့ပေါ့..."

"Taehyung မေမေသာ သဘောတူပါစေဦး..."

Jungkook Hyg ကိုပြုံးပြလိုက်ရင်း...

"Hyg က လက်ခံတယ်မလား"

Hoseok သူ့ကိုအပိုင်တွက်ထားပြီးသား ညီငယ်ကိုကြည့်ကာ...

"မပြောချင်ဘူး Kookie မင်းနော်...မနေ့ကကျ ပြန်ဖို့ပြောတာတောင် မပြန်ချင်ပြန်ချင်နဲ့....အခုကျ မှိုရထားတဲ့ရုပ်နဲ့...တတ်လည်းတတ်နိုင်တယ်...Taehyung အခုချိန်ထိအိပ်နေတာ မရိုးဘူးမလား...သူများသားသမီးကို အသာအယာမလုပ်ဘူး...Taehyung က နုနုဖတ်ဖတ်လေးရယ်..."

Hoseok စကားကြောင့် မျက်နှာကြီးနီရဲနေတဲ့ Jungkook...

"Hyg ကလည်းဗျာ...."

"Korea ပြန်ဖို့စီစဉ်ထားလိုက်....Taehyung မေမေသဘောတူတာနဲ့ Hyg ကိုလှမ်းအကြောင်းကြားလိုက်နော်..လက်ထပ်ပွဲစီစဉ်ထားလိုက်မယ်..."

"Paris မှာလက်မထပ်ဘူး Hyg...ဘူဆန်မှာ လက်ထပ်မှာ Tae နဲ့ယူပြီးရင် ဘူဆန်အိမ်မှာပဲ နေတော့မလို့..."

"ဟင် Hyg ကို ခွဲသွားတော့မှာပေါ့..."

"မကြာမကြာလာလည်ပါ့မယ် Hyg ရယ်..."

Jungkook မျက်နှာမကောင်းတဲ့ Hyg ကိုကြည့်ကာစိတ်မကောင်း...ဒါပေမယ့် Hyg နဲ့အတူတူနေလို့မရပေ...Hyg ကဘာပဲဖြစ်ဖြစ်လူပျိုလေးမလား..နောက်ကျ မျက်နှာပူစရာတွေရှိလာခဲ့ရင် Hyg နေတတ်မှာမဟုတ်ပေ..

အစကတည်းက အိမ်ထောင်ပြုရင် ဘူဆန်အိမ်မှာပဲ အခြေချနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီးသားပင်...ထို့ကြောင့် Hyg က ဘူဆန်ကအမွေတွေကိုအပြီးရောင်းစေချင်တာဖြစ်သည်...Hyg က သူနဲ့ Jungkook ကိုတစ်သက်လုံးနေစေချင်တာ... Korea ကိုပြန်မသွားအောင် အမွေတွေအကုန်ရောင်းခိုင်းတဲ့ Hyg အကြံကိုလက်မခံပဲ ဘူဆန်ကအိမ်ကြီးအပါအဝင်ဘာကိုမှ Jungkook မထိခဲ့ခြင်းဖြစ်သည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now