Part-24

2.8K 266 47
                                        

Jungkook Tae ဆီကစကားကြောင့် အံ့သြသွားရသည်...အခုသူဘာကြားလိုက်တာလဲ....

"Tae...ဘယ်လိုရယ်..."

"ဟို....ကျွန်တော့်ကို Jungkook...."

ဆက်မပြောရဲတော့ဘဲ အသံလေးတိမ်ဝင်သွားတဲ့ Tae...နီရဲနေတဲ့မျက်နှာလေးက အောက်ကိုငုံ့နေတော့ နှာတံစင်းစင်းလေးကိုမြင်နေရသည်...Hoodie အဝါရောင်လေး ဝတ်ထားတဲ့ Tae က အကျီကြားထဲမြှုပ်နေလေသည်...ခေါင်းလုံးလုံးလေးထက်က နီညိုရောင်ဆံသားတွေမှာ အိစင်းကျနေသေးသည်...Tae ပုံစံလေးကိုအသည်းယားတာကြောင့် Jungkook နှုတ်ခမ်းတွေကိုဖိကိုက်ကာကြည့်နေမိသည်....

Jungkook ဆီကဘာမှမပြောလာလို့ Tae ကမရဲတရဲလေးမော့ကြည့်လာတော့ Jungkook သူ့ကိုစိုက်ကြည့်နေတာကိုသိသွားကာ မျက်နှာလွှဲသည်...

"Tae...Tae ဘာလို့ဒီလိုပြောလဲ ကိုယ်သိတယ်...Tae နောင်တမရမှာသေချာရဲ့လား Tae ရယ်...."

"အွန်း....Jungkook ကိုရွေးချယ်မိလို့ နောင်တမရဘူး..."

Tae ဆီကစကားလေးကြောင့် Jungkook နှုတ်ခမ်းတို့ပြုံးသွားရသည်....Jungkook Tae ကိုခါးလေးကနေဆွဲဖက်ကာ ရင်ဘတ်ချင်းထိကပ်ပစ်တော့...

"Jungkook...."

မနေတတ်တဲ့ Tae က Jungkook ရင်ခွင်ထဲကနေမျက်နှာလေးမော့ကာအော်လာသည်...Jungkook က Tae မျက်ဝန်းလေးတွေကို မြတ်နိုးမှုအပြည့်နဲ့စိုက်ကြည့်ပြီး...

"ခုနကကျ ယူပါဆို...အခုမှအသားချင်းထိရုံလေးပဲ ရှိသေးတာနော် ကိုယ်တော်လေး..."

"အဲ့တာက..."

...ပြွတ်....

Taehyung မျက်လုံးလေးတွေဝိုင်းသွားသည်...စကားပြောနေတာကို Tae နှုတ်ခမ်းကိုငုံ့နမ်းလိုက်တာ အသံမြည်တဲ့အထိ...

"Jungkook...ဘာလို့ ရုတ်တရက်..."

...ပြွတ်....

Taehyung ကိုစကားဆုံးအောင်ကိုပြောခွင့်မပေး...Taehyung မျက်နှာလေးလည်း ရဲပတောင်းခတ်နေမှာအသေအချာ...ရန်လုပ်မလို့ မော့ကြည့်တော့ Taehyung ခါးတွေကိုပွေ့ပိုက်ထားတဲ့ Jungkook က ကျေနပ်နေတဲ့မျက်နှာကြီးနဲ့ပြုံးနေသေးသည်....

Taehyung Jungkook နှုတ်ခမ်းကိုလက်ဝါးတစ်ဖက်နဲ့ပိတ်ကာ...

"ယူပါဆိုတာက တစ်ဘဝလုံးကိုတာဝန်ယူခိုင်းတာ..."

💜 The Last Lover 💜 (Completed)Where stories live. Discover now