Taehyung နှင်းတွေကျနေတဲ့နေ့မလို့ ကျောင်းသွားရတာစိတ်မပါပေ...ဒီလိုအချိန်မျိုးဆိုအိပ်ရာထဲမှာသာအိပ်နေချင်မိသည်...အလုပ်ကလည်းရှိသေးတာကြောင့်မသွားလို့လည်းမဖြစ်...စက်ဘီးမယူတော့ဘဲ ဘတ်စ်ကားနဲ့ပဲကျောင်းသွားမိသည်...
အပြင်မှာပိုအေးတာမလို့ လက်အိတ်ဝတ်ထားတဲ့လက်လေးနှစ်ဖက်ကိုပူးပြီးပွတ်တိုက်ရင်းအအေးဒဏ်ကိုအံတုနေမိသည်....Yoongi Hyg က Daegu ကမိဘအိမ်ခနပြန်သွားတာမလို့ Taehyung ကို ph ဆက်ကာကျောင်းမသွားဖို့ပြောလာခဲ့သည်...သို့ပေမယ့် Cafe မှာ Yoongi Hyg မရှိတာကြောင့် Taehyung လည်းအလုပ်မလာတာဟုအထင်မခံရအောင် နေမှဖြစ်မည်...
ဘယ်လိုပဲဆိုင်မှာမသိသာအောင်နေပါစေ Taehyung ကိုဆိုသဲသဲလှုပ်တဲ့ Yoongi Hyg ကြောင့်တစ်ချို့တွေကရိပ်မိနေပြီဖြစ်သည်...ထို့ကြောင့် အနေအထိုင်ဆင်ခြင်ရမည်ဖြစ်သည်..
Taehyung တွေးနေရင်းကားမှန်ကနေတစ်ဆင့်ပတ်ဝန်းကျင်ကိုကြည့်မိတော့ နှင်းတွေတဖွဲဖွဲကျနေတာက ပိုဆိုးလာသလိုပင်...ကျောင်းရောက်ဖို့အဝေးကြီးလိုသေးတာမလို့ Taehyung အိပ်ဖို့ပြင်လိုက်ကာ မျက်လုံးတွေကိုမှိတ်ထားမိသည်...တစ်ဖြည်းဖြည်း Taehyung မျက်ခွံတွေလေးလံလာကာ မဖွင့်ချင်လောက်အောင်ကိုမှိတ်ကျသွားတော့သည်....
ပခုံးပေါ်မှီကျလာတဲ့ခေါင်းလေးကြောင့် Jungkook အသက်တောင်ပြင်းပြင်းမရှူရဲပေ...နီးကပ်နေသောခေါင်းလုံးလေးဆီက မွှေးပျံ့ပျံ့ရှန်ပူနံ့လေးက Paris က Lavender နံ့တွေထက်မွှေးလေသည်...
မနက်အစောကြီးကရင်း ကောင်လေးတို့အိမ်ခပ်လှမ်းလှမ်းကမီးတိုင်နားမှာလာစောင့်နေခဲ့တာဖြစ်သည်...ကောင်လေးမေမေဆီကနေ အသီးလာလာဝယ်တဲ့ Jungkook ကိုဈေးထွက်လာတဲ့ကောင်လေးမေမေကမှတ်မိသွားတာကြောင့် Jungkook ပျော်သွားကာ အန်တီနဲ့စကားတွေပြောရင်းဈေးထိလိုက်ပို့မိသေးသည်...
Jungkook ခေါင်းလုံးလေးကိုပြုံးကြည့်နေရင်း အကျီပေါ်က နာမည်ကဒ်လေးကိုဖတ်လိုက်မိသည်...Kim Taehyung တဲ့...နာမည်လေးကချစ်စရာလေး...Jungkook ပုခုံးပေါ်မှာစိတ်ချလက်ချအိပ်နေတဲ့ ကောင်လေးရဲ့ပါးပြင်ဖောင်းဖောင်းလေးကဝင်းမွတ်နေလေသည်...အနီးကပ်မြင်နေရတဲ့ကောင်လေးရဲ့မျက်နှာလေးကိုအသေးစိတ်ကြည့်ရှုနေမိသည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
