1 နှစ်အကြာ.....
Taehyung Yoongi Hyg Cafe မှာပဲအမြဲတမ်းဝန်ထမ်းလုပ်ပြီး တက္ကသိုလ်ပထမနှစ်ကိုစတက်ခဲ့သည်....ရင်ထဲကဒဏ်ရာကအနာမကျက်သေးပေမယ့် Hyg ဆိုတဲ့လူသားကို မဆက်သွယ်မိအောင်ကြိုးစားခဲ့သည်...Hyg Studio ဘက်ကိုလည်းမကြည့်မိအောင်နေခဲ့သည်..Hyg ကိုမြင်တိုင်းငိုချင်တဲ့စိတ်တွေကိုထွေးပွေ့ထားရင်း Taehyung တစ်နှစ်ဆိုတဲ့အချိန်တွေကိုကောင်းကောင်းကျော်ဖြတ်ခဲ့ပါသည်....
Taehyung ကိုဘေးနားမှာနေပြီး အစစအရာရာကူညီစောင့်ရှောက်ပေးတဲ့ Yoongi Hyg ကိုအရင်ထက်ပိုပြီးခင်တွယ်လာခဲ့သည်..Yoongi Hyg ကြောင့် သူတစ်ဖြည်းဖြည်းနေသားကျလာခဲ့တာပဲဖြစ်သည်...
Taehyung ကျောင်းရှေ့ကအပင်အောက်မှာရပ်စောင့်နေမိသည်...Yoongi Hyg လာကြိုမယ်လို့ပြောထားတာကြောင့်ပင်....
"Yoongi Hyg..."
Taehyung ခေါ်သံကြောင့် Hyg ကလက်လှမ်းပြကာ Gummy Smile လေးပေါ်တဲ့ထိပြုံးပြလာသည်...Taehyung အပြေးလေးသွားလိုက်ပြီး Yoongi Hyg နားရပ်လိုက်သည်...
"တက်...ဒီညအလုပ်မဆင်းနဲ့တော့ ကလေးပင်ပန်းနေပုံရတယ်..."
Taehyung ကို Yoongi Hyg က ကားတံခါးဖွင့်ပေးရင်းပြောလာခဲ့သည်...Taehyung ဝင်ထိုင်လိုက်ပြီး Yoongi Hyg ကကားကိုကွေ့ပတ်ကာ မောင်းသူနေရာထိုင်တဲ့အထိစောင့်နေလိုက်သည်...
"ဘယ်ဖြစ်မှာလဲ Yoongi Hyg ရဲ့ ညဆိုဆိုင်ကလူအရမ်းကျတာသိသားနဲ့...."
"အော ခေါင်းမမာစမ်းပါနဲ့ကလေးရယ်...စာတွေလည်းလုပ်ရတဲ့မင်းကိုပင်ပန်းမှာစိုးလို့ပါ..."
"မပင်ပန်းပါဘူး ....Cafe ကိုပဲသွားမယ်နော်..."
"No....ငြိမ်ငြိမ်လေးလိုက်ခဲ့...စကားနားထောင်ရင်ဆုချမယ်"
Taehyung မကျေမနပ်လေးဖြစ်သွားတာကြောင့် နှုတ်ခမ်းလေးဆူထွက်လာသည်...Yoongi ငြိမ်ကျသွားတဲ့ကလေးကိုခိုးကြည့်မိတော့ ဆူပုတ်နေတဲ့ရုပ်လေးကြောင့် ကြိတ်ရယ်နေမိသည်....
"ဟေးး အဲ့မျက်နှာနဲ့ပဲထိုင်နေတော့မှာလား..."
"မသိဘူးဗျာ Yoongi Hyg ကအမြဲအဲ့လိုပဲ...ကျွန်တော်က Hyg ရဲ့အငယ်ဆိုတော့ အမြဲလွန်ဆန်လို့မရဘူး..."
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
