Part-21

2.2K 261 28
                                        

"ရိုက်ပြီနော် 1..2..3"

Jungkook ဆီက အသံဆုံးတာနဲ့ လက်နှစ်ချောင်းထောင်ကာ post ပေးလိုက်တဲ့ Tae...အနောက်က အီဖယ်တာဝါနောက်ခံထားကာ Jungkook ပင်တိုင် Model လေးက post အမျိုးမျိုးပေးနေလေသည်...

အညိုရောင်ကုတ်အကျီအရှည်နဲ့ဘောင်းဘီရှည်ဝတ်ဆင်ထားတဲ့ Tae ဟာ ဦးထုပ်အနက်လေးပါဆောင်းထားတာမလို့ ကလေးလေးနဲ့ပိုတူသည်...Jungkook Camera လေးထဲ Tae ပုံလေးတွေပြည့်သွားသည်...

ဒီနေ့ Paris မြို့ရဲ့လမ်းမတွေပေါ် လျှောက်လည်ဖြစ်ကြသည်...အနုပညာလက်ရာတစ်ခုလို ခမ်းနားတဲ့ Paris အဆောက်အဦးတွေကို နှုတ်ခမ်းလေးဟပြငးမောတတ်တဲ့ Tae...လမ်းဘေး အဖီလေးတွေမှာဖွင့်ထားတဲ့ Barkey ဆိုင်မှာ Croissant မုန့်မှာပေးတော့ Tae က သဘောကျစွာ အားရပါးရစားလေသည်...

ချစ်ဖို့ကောင်းတဲ့ကောင်လေးဟာ ဘယ်လိုလေးနေနေ Jungkook မျက်လုံးထဲချစ်ဖို့ကောင်းလွန်းတာမလို့ Tae ကိုငေးကြည့်နေတဲ့မျက်လုံးတွေကိုလည်း အူတိုစွာပြန်ကြည့်မိသည်...လာမကြည့်နဲ့ဒါငါ့အပိုင်ဆိုပြီး Tae နဖူးမှာမရေးထားရုံတစ်မယ်ရယ်...

"Tae ..."

"ဟွန်..."

ဆိုင်မှာမုန့်ထိုင်စားနေကြရင်း Jungkook ကခေါ်တော့ ပါးလေးတွေဖောင်းနေအောင်မုန့်တွေအပြည့်သွပ်ထားတဲ့ Tae ကမျက်လုံးဝိုင်းလေးတွေနဲ့ပြန်ကြည့်လာကာ မပီမသအသံလေးနဲ့ထူးသည်...

Jungkook စကားတို့ရှေ့မဆက်နိုင်အောင်ကို မုန့်စားတိုင်းဆူထွက်လာတဲ့ နှုတ်ခမ်းလေးကို အားမနာတမ်းစိုက်ကြည့်နေမိသည်....အသည်းယားလွန်းလို့ဘယ်လိုလုပ်ရပါ့....

"Mona Lisa ပန်းချီကားကို သွားကြည့်ချင်လား"

"အင်း ကြည့်ချင်တယ်..."

"ဒါဆို မုန့်စားပြီးရင် Tae ကိုခေါ်သွားပေးမယ်နော်"

"အင်း Jungkook"

Jungkook ကိုပြန်ဖြေပြီးတာနဲ့ သူ့မုန့်ကိုသာဆက်စားနေတဲ့ Tae ကို Jungkook ကခုံကိုနောက်မှီချရင်းလက်ပိုက်ကာ စိုက်ကြည့်နေမိသည်...ခပ်လှမ်းလှမ်းက စားပွဲဝိုင်းကနေ Tae ကိုမသိမသာရောသိသိသာသာပါကြည့်နေကြတဲ့ ယောကျာ်းသားတွေ ...Jungkook တကယ်ကို ဒီနားမှာမနေချင်တော့...

💜 The Last Lover 💜 (Completed)Tempat cerita menjadi hidup. Temukan sekarang