"Hyg....အိပ်နေပြီလား..Good Night ပါ"
Namjoon ph ထဲဝင်လာတဲ့ message ကြောင့် Namjoon ပြုံးလိုက်မိသည် ....ph no အစိမ်းဆိုလို့ ကောင်လေးပဲရှိလိမ့်မည်...
"အင်း အိပ်တော့မလို့ Good Night ပါ"
Taehyung လင်းလာတဲ့ Ph Screen လေးကို အံ့သြစွာကြည့်နေမိသည်..Hyg ကအခုသူ့ကိုစာပြန်လိုက်တာလား...ဒါက ၁ မိနစ်လေးပဲခြားသေးတာကိုလေ....တုန်ရီနေတဲ့လက်အစုံနဲ့ message လေးကိုဖွင့်ဖတ်တော့...
"အားးးး ရေးးးး Hyg က ငါ့ကို Good Night တဲ့...yes.."
Taehyung တစ်ယောက်ခုန်ပေါက်ကာ ပျော်လွန်းလို့အော်ဟစ်နေမိသည်...
"သားရေ...ဘာတွေအဲ့လောက်ခုန်ပေါက်နေတာလဲ.."
အောက်ထပ်က မေမေ့အော်သံကြားမှ Taehyung ခုန်ပေါက်နေတာရပ်ကာ အိပ်ရာပေါ်မှောက်ချရင်း ဖက်လုံးကြီးကို တဖွဖွနမ်းနေမိသည်...
ထို့နောက် တစ်စုံတစ်ခုကိုသတိရကာ စာကြည့်စားပွဲနားအပြေးလေးသွားမိသည်...အံဆွဲထဲက အနက်ရောင်စာအုပ်လေးကိုထုတ်လိုက်ကာ Date တစ်ခုနဲ့အတူ...
...Kim Namjoon တဲ့နာမည်လေးကအစ နှစ်လိုဖွယ်ကောင်းလိုက်တာဗျာ...၆ နှစ်ငယ်လည်း Hyg နားမှာရှိနေပေးလို့ရမလား....ရိုးသားလိုက်တာဆိုတဲ့ကောင်လေးက Hyg အပေါ်မရိုးမသားဖြစ်နေမိပြီ Hyg ရယ်....
..................
Hyg နဲ့စတွေ့တဲ့နေ့ကစပြီး Taehyung တစ်ယောက် နေ့တိုင်း Hyg Photo Studio နားယောင်လည်လည်နဲ့သွားသွားနေမိသည်...Hyg နဲ့မတွေ့ရတဲ့ရက်ဆို လူကတစ်နေကုန်နေလို့မကောင်းချင်ပေ...
ဒီနေ့တော့ Hyg တို့နဲ့မျက်နှာချင်းဆိုင်က August D ဆိုတဲ့ Coffee ဆိုင်ထဲမှာထိုင်ကာ တစ်ဖက်လမ်းက Hyg ရှိရာဖက်မျှော်ကြည့်နေမိသည်... ကျောင်းပိတ်ထားတာကြောင့် Coffee တစ်ခွက်မှာကာ အေးအေးဆေးဆေးထိုင်နေမိသည်....
Hyg အလုပ်ထဲကိုလည်း မလိုက်သွားချင်ပါ...သူ့လို အထက်တန်းကျောင်းသားက Hyg လိုလူမျိုးကို နေ့တိုင်းလာလာတွေ့ရင် Hyg သိက္ခာကျမှာလည်းစိုးမိသည် ...ညတိုင်း Hyg ဆီကို message လည်းပို့ဖြစ်သည်...Hyg စာမပြန်တဲ့ရက်ဆို Taehyung ကိုစိတ်ထဲတောင်မရှိဘူးပဲလို့ တွေးတွေးပြီးဝမ်းနည်းကာ ငိုမိသေးသည်...ဒိုင်ယာရီလေးကိုလည်း ညတိုင်းရေးဖြစ်သည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
