"ဟိုရောက်ရင် လိမ်လိမ်မာမာနေနော်သားလေး Jungkook လေးကိုဒုက္ခမပေးရဘူးနော်"
"ဟုတ်ကဲ့ပါမေမေရဲ့"
Taehyung တို့သားအမိ နှုတ်ဆက်နေတာကို Jungkook ပြုံးကြည့်နေမိသည်...Tae ကျောင်းလည်းပိတ်ထားတာမလို့ သူနဲ့ Tae လိုက်လို့အဆင်ပြေသည်...ခံစားနေရတဲ့ Tae က ဆိုးလ်ကနေထွက်သွားချင်တယ်လို့ပြောလာတာမလို့ Jungkook က Paris ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်သည်...
အန်တီကလည်းသူနဲ့ဆိုစိတ်ချတယ်လို့ပြောလာခဲ့သည်..Tae ကိုယ်တိုင်လည်းလိုလိုလားလားရှိတာကြောင့် Jungkook ပျော်နေခဲ့သည်...Hoseok Hyg ကလည်း သုံးလပြည့်တာနဲ့ပြန်လာဖို့မှာထားတာကြောင့် အခု Tae ကိုပါခေါ်လာတာကို အံ့သြနေမှာအမှန်ပင်...
Hoseok Hyg နဲ့တွေ့ပေးဖို့ Jungkook မစောင့်နိုင်တော့...Tae ဘယ်လောက်ဖြူစင်ပြီးချစ်စရာကောင်းကြောင်း သူကြွားထားတာကြောင့် Hoseok Hyg ကမြင်ဖူးချင်နေတာရယ်....
"သွားရအောင် Jungkook"
"အင်း Tae..."
လေယျာဉ်ထွက်ချိန်အမှီ Taehyung တို့ရောက်သွားတော့ Taehyung စိတ်လှုပ်ရှားနေမိသည်...ဘဝမှာ နိုင်ငံခြားဆိုတာကို ပထမဆုံးခရီးထွက်ဖူးခြင်းဖြစ်သလို လေယျာဉ်ကိုလည်းပထမဆုံးစီးရမှာမလို့ တကယ်ကိုစိတ်လှုပ်ရှားနေမိသည်...ခနကြာတော့ စတင်ထွက်ခွာတော့မှာဖြစ်ကြောင်းအသိပေးလာတာနဲ့ သူရော Jungkook ပါနေရာယူလိုက်ကြသည်...
Jungkook ကြောက်ကာမျက်လုံးမှိတ်ထားတဲ့ Tae ကိုကြည့်ရင်း သူ့လက်နဲ့တူတူတင်ထားတဲ့ Tae လက်လေးကိုကိုင်လိုက်မိသည်...Jungkook အပြုမူကြောင့် Tae က Jungkook မျက်နှာကိုကြည့်လာသည်...
" Tae ကြောက်နေမှာစိုးလို့..."
Tae က Jungkook စကားကြောင့်အံသြသွားပေမယ့် Jungkook လက်တွေကြားကရုန်းထွက်သွားခြင်းမရှိပေ...Tae အိပ်တော့မယ်ဆိုတော့ Jungkook ခေါင်းအုံးကို Tae ကိုပေးကာဖက်ထားစေသည်...Tae ကတစ်ခုခုကိုဖက်ထားမှအိပ်ပျော်တတ်တဲ့အကျင့်ရှိတာသူသိတာကြောင့်မလို့ပင်...
Jungkook Tae မျက်နှာလေးနားကပ်သွားရင်း Tae နိုးလာမှာလည်းကြောက်နေရသည်...အိပ်မောကျနေတာသေချာတော့မှ နဖူးလေးကိုသူ့နှုတ်ခမ်းနဲ့ထိကပ်နမ်းရှိုက်လိုက်မိသည်...Tae လက်ထဲက ခေါင်းအုံးကို Jungkook မနာလိုမိပေမယ့် တစ်ချိန်ကျ ခေါင်းအုံးနေရာမှာ သူဖြစ်လာမှာပဲမလား...Jungkook ပြုံးလိုက်မိသည်...အခုသူဘာမှထပ်မလိုချင်တော့ Tae သူ့အနားရှိနေပြီပဲလေ...
KAMU SEDANG MEMBACA
💜 The Last Lover 💜 (Completed)
Fiksi Penggemarဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
