လူတိုင်းသည် ရှီကျင်း၏စင်းလုံးချော
လောဂျစ်ကြီးကြောင့် စွံ့ အသွားကြသည်။
Gua Yiနှင့် Annihilationအဖွဲ့သားများပင်
ရှီကျင်း ရုတ်တရက် ခေါင်းတစ်လုံးထပ်ထွက်လာသလို
ပြူးကြည့်မိကြတော့သည်။

လျန်ကျွင်းသည် ရှီကျင်းကိုအနောက်ပြန်ဆွဲခေါ်ဖို့
လုပ်သော်လည်း လူငယ်လေးမှာ မထိခိုက်သည့်အပြင်
ပြန်ခံပက်နေသဖြင့် မြှောက်ထားသောလက်ကို
ပြန်ချကာ ရှီကျင်းဇာတ်အတိုင်း လိုက်ကလိုက်သည်။
လျန်ကျွင်း ကျိုယန်ကို လှမ်းပြောလေသည်။

"မင်းခံစားချက်တွေကို သတိမပြုမိလိုက်တာ
အားနာပါတယ်။ ငါသိခဲ့ရင် မနေ့က
တခြားနေရာကို ချိန်ပစ်ခဲ့ပါတယ်"

Gua Yiနှင့်ကျန်သူများ: “……”
ကျွင်းရှောက် ပြောင်းလဲသွားပြီ...
အရင်က တစ်ခါမှ အဲ့လိုမျိုးတွေ မပြောဘူးလေ
ကျွင်းရှောက်...

"ခွီး"
ဘေးမှစိတ်လှုပ်ရှားစွာကြည့်နေသော လုရှန်းသည်
ရုတ်တရက် အားရပါးရထရယ်ကာ
တမင်တကာပင် လက်ခုပ်တီးလိုက်သည်။

"ကောင်းလိုက်တဲ့ရှိုး! Nine Eagles
ဒီလောက်ထိ အာဏာကျယ်ပြန့်ဖို့ကြိုးစားနေတာက
ခေါင်းဆောင်ဖြစ်သူက မြေအောက်လောကရဲ့
လက်လှမ်းမမှီဆုံးလူတစ်ယောက်နောက်ကို
လိုက်နေလို့ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားတာပေါ့
ကျိုယန်...မင်းရဲ့စီနီယာတစ်ယောက်အနေနဲ့
အကြံလေးတော့ပေးလိုက်မယ်၊
မင်းရဲ့အရေးပါတဲ့အရာလေးတွေအတွက်
ဒီလိုယုတ္တိမရှိတဲ့စိတ်ကူးကို ဝဲလိုက်တော့။
'မြေအောက်လောကရဲ့ဧကရီ'ဆိုတဲ့ဒရမ်မာတွေက
ဒိတ်အောက်ကုန်ပြီလေ"

ဘေးမှကြည့်နေကြသောတခြားခေါင်းဆောင်တို့၏
အမူအရာများလည်း ထူးဆန်းလာသည်။

မနေ့ကအစည်းအဝေးအပြီးတွင် ကျိုယန်သည်
'မြေအောက်လောကရဲ့ဧကရာဇ်'ဆိုသောကိစ္စကြောင့်
စစ်ဆေးခံရပြီးဖြစ်သည်။ ဒီနေ့မှာတော့
သူက မြေအောက်လောကဧကရီနေရာ
သရုပ်ဆောင်နေသည်ဟု လုရှန်းပြောလိုက်ရာ
လျန်ကျွင်းက ဧကရာဇ်ဖြစ်ပြီး ကျိုယန်က
သူ့ဧကရီဖြစ်ချင်နေသော်လည်း ထိုနေရာအတွက်
စိတ်ကူးနဲ့ပင် အရည်အချင်းမပြည့်မှီကြောင်း
ဆိုလိုနေသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now