"အဲ့တာနဲ့ပဲ ဆေးလိမ်းပြီး နှိပ်ပေးနေတာလား...Jungkook ကလေ တကယ်ပဲဗျာ..."

"ခနလေး မပြီးသေးဘူးရယ်..."

ခြေသလုံးသားဝင်းဝင်းလေးတွေပေါ်တဲ့အထိ ဘောင်းဘီရှည်ကို လိပ်တင်ထားပေးပုံရသည်...Jungkook ရဲ့လက်ဖဝါးကြီးကြီးတွေကြား Taehyung ခြေထောက်သွယ်သွယ်လေးတွေမှာ မြှုပ်နေလျှက်ရှိသည်...Taehyung တကယ်ကိုအားနာနေရကာ Jungkook လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာ တားလိုက်သည်...

"တော်ပါတော့ ကျွန်တော့်ကို အဲ့လောက်အထိ ဂရုမစိုက်ပေးပါနဲ့..."

Tae ဆီကစကားကြောင့် Jungkook လက်တွေရပ်တန့်သွားကာ ဘာရယ်မဟုတ် အမွှေးအမျှင်ကင်းရှင်းတဲ့ Tae ခြေထောက်သွယ်သွယ်လေးတွေဆီအကြည့်တွေရောက်နေပြီး တိတ်ဆိတ်နေမိသည်...Tae ကိုဂရုစိုက်ပေးချင်သည်...ဒီစိတ်က Tae ကိုချစ်ရာကနေဖြစ်ပေါ်လာတယ်ဆိုတာ သူသိသည်...Tae မကြိုက်ရင်တောင် သူ Tae ကိုချစ်မြတ်နိုးနေတဲ့စိတ် ဂရုစိုက်ပေးချင်တဲ့စိတ်ကို တားမရတာသူအသိဆုံး....

"Jungkook..."

"Tae....ဒီတိုင်းလေးပဲ မသိချင်ယောင်ဆောင်ပေးပါလား"

"ဘာကို..."

"အားလုံးကို...Tae အားလုံးရိပ်မိနေရင်တောင် ကိုယ်အဆင်ပြေတယ်....ဒီတိုင်းပဲ ကိုယ့်ကိုအဝေးတွန်းမပို့ပါနဲ့...Tae အနားမှာပဲနေခွင့်ပေး...Tae အနားပဲနေချင်တယ်..."

"Jungkook ရယ်..."

မျက်ရည်စတွေဝေ့တက်လာတဲ့ Jungkook မျက်ဝန်းတွေက Taehyung ရင်ကိုနာကျင်စေပါသည်...ပြန်မချစ်ရဲတာ ဘယ်လိုလုပ်ရမလဲ Jungkook ရယ်...

ဘာစကားမှမပြောကြတော့ဘဲ အကြည့်တွေစုံနေမိရင်း တိတ်ဆိတ်နေကြသည်...မျက်ရည်မကျအောင်ထိန်းနေတဲ့ Jungkook က မျက်တောင်တွေကိုပုတ်ခတ်နေပေမယ့် ခက်ခဲနေပုံရသည် ...Taehyung လက်က Jungkook မျက်နှာနားတိုးသွားတာကို Jungkook ကရှောင်လိုက်ပြီး ထရပ်ကာ....

"Tae နားတော့လေ မနက်ဖြန် အလုပ်စဆင်းရမှာမဟုတ်လား...စောစောအိပ်နော် Tae"

Tae ကိုနှုတ်ဆက်ပြီး Jungkook အမြန်ထွက်လာခဲ့သည်.....အခန်းထဲပြန်လာပြီး Tae ပုံတွေဆွဲထားတဲ့ပန်းချီကားတွေ ထားထားတဲ့ သီးသန့်အခန်းထဲဝင်လိုက်မိသည်...၆ ချပ်သော Tae ပုံတူပန်းချီလေးတွေကို ငေးမောကြည့်နေရင်း ငိုကြွေးမိသည်...

💜 The Last Lover 💜 (Completed)Onde histórias criam vida. Descubra agora