Jungkook က သူ့ကိုအမြဲကာကွယ်ပေးတတ်သည်....သူလိုအပ်တိုင်းအနားမှာပေါ်လာပေးတတ်သည်...အကယ်၍ Jungkook သာသူ့ကိုချစ်နေတာဆိုရင် သူထပ်ချစ်နိုင်ပါ့မလား...အချစ်ဆိုတာကြီးကိုတကယ်ကိုကြောက်နေခဲ့တာပဲဖြစ်သည်...Taehyung ချစ်လိုက်တိုင်း အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ အနားကထွက်သွားတတ်ကြသည်...

အချစ်ကြောင့် ပျော်ခဲ့ရတာထက် Taehyung မှာနာကျင်မှုကပိုများခဲ့သည်...အမြဲစောင့်မျှော်ခဲ့ရသည်...အမြဲငိုကြွေးခဲ့ရသည်...Taehyung ဘက်ကအရိုးသားဆုံးချစ်ပေးခဲ့ပေမယ့် သူချစ်တဲ့သူတိုင်းက အမြဲလိမ်ညာခဲ့ကြသည်...Taehyung ကိုချစ်တာထက် သူတို့ကိုယ်သူတို့ပိုချစ်တာလို့ပဲ Taehyung ထင်မိသည်...

ဒါဆို Jungkook ကရော...Jungkook ဟာသူ့ဘေးနားမှာနေပေးပြီး အကြောင်းပြချက်မရှိ နွေးထွေးစွာဆက်ဆံပေးပြီး သူ့အပေါ်ကောင်းပေးခဲ့သည်.....Jungkook သူ့ကိုချစ်နေတာများလား....Taehyung ခေါင်းခါလိုက်ရင်း အတွေးကိုရုပ်သိမ်းမိသည်....မဖြစ်နိုင်တာ Jungkook ကဒီအတိုင်းစိတ်ထားကောင်းသူမို့လို့ပါ...

ဒါပေမယ့် Jungkook ကသူ့အပေါ်ကြည့်တဲ့အကြည့်တွေလို သူ့အပေါ်ဆက်ဆံတတ်တဲ့အပြူအမူတွေလို မထိတထိပြောတတ်တဲ့စကားတွေလို အခြားတစ်ယောက်ကို ကြည့်တာပြောတာမျိုးမတွေ့ဖူးပေ...

Jungkook ကချစ်နေတယ်ဆိုရင် Jungkook ကိုပြန်ချစ်လိုက်ရင် ထပ်နာကျင်ရမလား...Jungkook လည်းအရင်လူတွေလို သူ့ကိုထပ်ထားသွားမှာပဲလား....Taehyung မျက်လုံးတွေကိုမှိတ်ချလိုက်သည်...

...Jungkook ကိုတော့မဆုံးရှုံးချင်ဘူး....

.................

Taehyung အိပ်ပျော်နေရာမှ ခြေထောက်တွေကို ထိတွေ့နေတဲ့အထိအတွေ့ကြောင့်နိုးလာခဲ့သည်...အိပ်ချင်မူးတူးမျက်လုံးတွေကို အားယူဖွင့်ကြည့်မိတော့ Taehyung ခြေရင်းမှာထိုင်နေတဲ့ Jungkook...နှာခေါင်းထဲ လိမ်းဆေးနံ့သင်းသင်းကြောင့် Taehyung မျက်လုံးတွေပြူးရသည်..ဒါဆို ခြေထောက်ကအထိအတွေ့ဟာ...

"Jungkook..."

Taehyung အလန့်တကြားထထိုင်တော့ Jungkook က ဘာမှမဖြစ်သလိုပြုံးကြည့်လာရင်း....

"ဒီနေ့လမ်းအများကြီးလျှောက်လိုက်ရတော့ Tae ခြေထောက်လေးတွေကိုက်နေမှာစိုးလို့..."

💜 The Last Lover 💜 (Completed)Où les histoires vivent. Découvrez maintenant