"ကိုယ်ကတော့ Tae အပြုံးလောက်လှတယ်မထင်ဘူး"
"ဟာ ...Jungkook ကလဲ..."
Tae က ဘေးနားကသူတို့လိုပဲ ပန်းချီကားကိုလာကြည့်နေကြတဲ့ခရီးသွားတွေကို ဝေ့ဝဲကြည့်ကာ Jungkook ကိုခေါ်သည်...မတတ်နိုင်ပါ Jungkook ကတော့အမှန်တိုင်းသာပြောတတ်သည်...Mona Lisa မှမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိသမျှအရာအားလုံးထက် Tae ကပိုလှသည်...
"ကိုယ်တကယ်ပြောတာ...Tae ကအရာအားလုံးထက်ပိုလှတယ်"
Tae မျက်ဝန်းတွေထဲထိစိုက်ကြည့်ကာပြောလိုက်တော့ Jungkook အကြည့်တို့ကိုရင်မဆိုင်ရဲစွာမျက်နှာလွှဲသွားတဲ့ Tae ...
"ပြန်ကြစို့လေ Jungkook"
"အင်း ပြန်ကြမယ်"
အပြန်လမ်းတစ်လျှောက်လုံး ကားပေါ်မှာငြိမ်ငြိမ်လေးလိုက်ပါလာတဲ့ Tae က တစ်ခုခုကိုအလေးအနက်တွေးနေပုံရသည်...Jungkook ခံစားချက်တွေကို Tae များရိပ်မိသွားပြီလားဟု Jungkook စိုးရိမ်နေမိသည်...ဒီအချိန်မှာ Tae သာ သူ့အချစ်တွေကိုသိသွားရင် သေချာပေါက် ငြင်းမယ်ထင်သည်...Jungkook လည်း Tae ကိုမသိမသာအကဲခတ်ရင်း ဘေးကနေအလိုက်တသိငြိမ်လျှက် လိုက်ပါလာခဲ့သည်...
Taehyung အခန်းထဲရောက်တော့ အိပ်ရာပေါ်လှဲရင်း Jungkook စကားတွေကိုတွေးနေမိသည်...Jungkook မျက်ဝန်းတွေကို ဘယ်နှစ်ကြိမ်ဆန်းစစ်စစ် သူ့ကိုကြည့်တဲ့အကြည့်တွေထဲမှာ ကြင်နာမြတ်နိုးမှုတွေပါနေသည်...
Jungkook အကြည့်တွေကိုရင်မဆိုင်ရဲလောက်အောင်ထိ Taehyung ရင်ထဲလည်းဗြောင်းဆန်နေခဲ့တာပဲဖြစ်သည်...Jungkook အနားမှာရှိရင် ဘယ်သူ့ကိုမှ Taehyung မတွေးမိပေ...ယုတ်ဆွအဆုံး သိပ်မကြာခင်ကမှ လမ်းခွဲထားတဲ့ ကိုကို့ကိုပါ မတွေးမိတော့တာပဲဖြစ်သည်...မချစ်ခဲ့လို့ လွယ်လွယ်မေ့လိုက်တာလားဆိုတော့လည်းမဟုတ်ပေ...
Hyg ကိုရော ကိုကို့ကိုပါ Taehyung တကယ်ချစ်ခဲ့တာချည်းပဲ...Hyg ကတော့ Taehyung ရဲ့ဘဝတစ်သက်မှာ စချစ်ခဲ့မိသလို မပိုင်ဆိုင်ခဲ့ရတဲ့ချစ်ဦးသူ...ကိုကိုကကျ အချစ်ဆိုတာ ဒီလိုပါလားလို့ ခံစားတတ်အောင်သင်ပေးခဲ့တဲ့သူ...Jungkook ကကျမတူဘူး...
တကယ်ဆို Jungkook နဲ့သူအကြိမ်ကြိမ်နမ်းဖူးသည်...နမ်းပြီးတိုင်းလည်း Taehyung စိတ်မဆိုးခဲ့ပေ...Jungkook ကလဲ ဘာမှမပြောခဲ့ မဖြေရှင်းခဲ့ဖူးပေ...Jungkook ဘာဖြစ်ချင်တာလဲ အဖြေရှာခဲ့ဖူးသည်..ဒါပေမယ့် အဖြေကိုမတွေ့ခဲ့...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-21
Start from the beginning
