Jungkook ကဘာမှဆက်မပြောတော့ပေ...Taehyung ရေခဲမုန့်ကို ဇွန်းနဲ့ခပ်ကာ Jungkook နှုတ်ခမ်းနားကပ်ပြီးခွံ့ကျွေးသလိုပြင်တော့ Jungkook ခြေလှမ်းတွေတုံ့ခနဲရပ်သွားကာ Taehyung ကိုကြည့်လာခဲ့သည်...

"ဒီလိုကျွေးရင်ရော ငြင်းဦးမှာလား"

Jungkook ကခေါင်းရမ်းကာ Taehyung ခွံ့ကျွေးတာကို စားလိုက်သည်...Taehyung ပြုံးနေတာကို Jungkook ကြည့်နေရင်း နဖူးကချွေးစလေးတွေကို အကျီလက်နဲ့ဖွဖွသုတ်ပေးလိုက်ကာ...

"နောက်တစ်ခါ ကားယူလာမယ်...Tae ခြေလျှင်လျှောက်ချင်တယ်ဆိုလို့ ကိုယ်ဘာမှမကန့်ကွက်တာ ..Tae မျက်နှာလေးတွေတောင်နီနေပြီ..."

Taehyung ရင်ထဲနွေးထွေးသွားသည်...Jungkook ကအမြဲသူ့ဘက်ပဲတွေးပေးသည်...

"ခုနကဘာပြောလိုက်တာလဲဆို ပြောပြတော့လေ"

"Tae စိတ်မဆိုးဘူးလို့ ကတိပေးမလား"

"အင်း မဆိုးဘူး"

"Tae က ကိုယ့်အမျိုးသားလေးလို့ပြောလိုက်တာ"

Jungkook စကားကိုသိချင်နေတဲ့မျက်နက်ဝန်းလေးတွေက Jungkook ဆီကစကားလည်းကြားရရော မျက်တောင်တွေတဖျတ်ဖျတ်ခတ်ကာ ချက်ချင်းရဲတက်သွားတဲ့မျက်နှာလေးကိုငုံ့ချသွားသည်...

"အိုး ရာသီဥတုကအတော်ပူလာတာပဲ...မြန်မြန်ရောက်အောင် ကားစီးသွားရအောင်..."

စကားတွေလွဲကာ ရှေ့ကနေအမြန်လျှောက်သွားတဲ့ Tae ကို Jungkook ကျိတ်ရယ်ရင်း နောက်ကနေအမြန်လိုက်မိသည်...Tae ရဲ့ရှက်နေတဲ့မျက်နှာလေးကိုဇွတ်အတင်းလိုက်ကြည့်တော့ မနေတတ်တဲ့ကောင်လေးက ဇွတ်တွေကွယ်သည်...နေပူနေပေမယ့် နှစ်ယောက်လုံးရင်ထဲမှာတော့ အေးချမ်းနေပါရဲ့လေ...

..................

"ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးပိုင်ရှင်ဖြစ်တာ မဆန်းပါဘူး...ပန်းချီထဲမှာတောင် သူ့အပြုံးတွေက အေးချမ်းနေတာပဲနော် Jungkook"

ကမ္ဘာကျော် Mona Lisa ပန်းချီကားကြီးကိုကြည့်ပြီး စကားတွေပြောနေတဲ့ Tae...Jungkook ကတော့ ပန်းချီကားထက် Tae ကိုကြည့်နေရတာကိုပိုသဘောကျသည်...Mona Lisa အပြုံးထက် Tae ရဲ့ Boxy Smile လေးကိုပိုကြိုက်သည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now