"Oh...နားမလည်ဘူးထင်တယ်..."
Taehyung ဇောချွေးတွေပျံလာသည်...ဘာမှလည်းပြန်မပြောတဲ့ Taehyung ကိုထိုလူက မျက်မှောင်ကျုံ့ကြည့်ရင်း တဖြည်းဖြည်းပြုံးလာကာ..
"ကြောက်နေတာပဲ...မကြောက်ပါနဲ့ မင်းကိုဒုက္ခပေးဖို့မဟုတ်ပါဘူး...ခင်မင်ချင်ရုံပါ.."
Taehyung ရင်ထဲကနေ Jungkook လို့အကျယ်ကြီးခေါ်နေမိပေမယ့် နှုတ်ခမ်းကဘာတစ်လုံးမှထွက်မလာ...သူတကယ်စိတ်ရှုတ်လှပြီ...Taehyung ချာခနဲလှည့်ပြေးမလို့ပြင်တော့ Taehyung လက်ကောက်ဝတ်ကိုဖမ်းဆွဲထားတဲ့ဟိုလူ...Taehyung ကြောက်ကြောက်နဲ့ ထိုလူ့လက်ကိုကုန်းကိုက်ဖို့ပြင်တော့ ထိုလူ့လက်ကိုဖျတ်ရိုက်လိုက်တဲ့ Jungkook...
"Jungkook..."
Taehyung အသံလေးက အားကိုးရသွားသလိုမျိုး Jungkook ကိုကြည့်ရင်းခေါ်လာသည်...Jungkook က ဒေါသထွက်နေပုံရသည်..ထိုပြင်သစ်သားကိုစူးစူးရဲရဲစိုက်ကြည့်ကာ ဘာတွေပြောနေသည်မသိ...ထိုလူက အားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီး ပြန်သွားခဲ့သည်...
Jungkook က Taehyung လက်ထဲရေခဲမုန့်ခွက်ကိုထိုးပေးကာ...
"တအားပူနေတာနဲ့ Tae ကိုအပူသက်သာအောင်လို့ ...စားလိုက်နော်"
စတော်ဘယ်ရီအရသာရေခဲမုန့်မှန်း မွှေးပျံ့နေတဲ့အနံ့လေးကသိသာစေသည်...Taehyung ပြုံးပြလိုက်တော့မှ Jungkook ကရှေ့ဆက်သွားသည်...Taehyung Jungkook ဘေးနားမှီအောင်လိုက်နေရင်း..
"ခုနကလေ ဟိုလူ့ကို Jungkook ဘာပြောလိုက်တာလဲဟင်"
"Tae သိဖို့မလိုပါဘူး...ကြောက်နေသေးလား"
"ဟင့်အင်း Jungkook ရှိလို့မကြောက်တော့ဘူး ဒါပေမယ့် သိချင်တယ်"
"ရေခဲမုန့်ကုန်အောင်စားပြီးရင် ပြောပြမယ်"
"အာ့ဆိုကူစားပေး...ရော့"
Jungkook ရှေ့ဇွန်းလေးကိုထိုးပေးလာတဲ့ Tae ကြောင့် Jungkook အံ့သြသွားသည်...Tae ကတကယ်ကို ဘာမှသိပ်မတွေးတတ်တဲ့ကလေးလေးပဲ..
"ကိုယ်ကစားပြီးပြီ..."
"Jungkook ဟိုလူ့ကိုဖမ်းဆွဲလိုက်တဲ့လက်ကြောင့် Jungkook စားမယ့်ရေခဲမုန့်ခွက်ပြုတ်ကျသွားတာ ကျွန်တော်သိသားပဲ...မစားရသေးပဲလိမ်တယ်"
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-21
Start from the beginning
