"Tae သွားရအောင်..."
"Jungkook က ဗိုက်ဝပြီလား"
"အင်း ကိုယ်ဗိုက်ပြည့်နေပြီ...အပြင်မှာနေအရမ်းပူနေတာ တစ်ဖြည်းဖြည်းပိုပူလာမှာဆိုးလို့ အမြန်သွားရအောင်နော်"
"အင်းပါ Jungkook"
Taehyung နဲ့ Jungkook လမ်းဆက်လျှောက်လာကြရင်း နဖူးမှာချွေးစလေးတွေစို့လာတဲ့ Tae ကြောင့် ...
"Tae...ဒီနားမှာခနစောင့်ဦး "
Taehyung ခေါင်းငြိမ့်ပြတော့ Jungkook ကပြုံးပြီး Taehyung ခေါင်းလေးကိုပုတ်ကာထွက်သွားသည်....Taehyung လည်း လိုက်ပြုံးလိုက်မိသည်...ဒီနေ့ပြီးရင် Hoseok Hyg မိတ်ဆွေ korea လူမျိုးရဲ့ Cafe မှာ Taehyung အလုပ်ဝင်တော့မှာဖြစ်သည်...Jungkook က ဘာမှမလုပ်စေချင်ပေမယ့် ဒီတိုင်း သူတို့လုပ်စာထိုင်စားနေရအောင် Taehyung ကအားနာသည်..
ပြီးတော့ Jungkook တို့ညီအစ်ကိုနဲ့ Taehyung နဲ့ကဘာမှမတော်စပ်...နှစ်ယောက်လုံးအလုပ်သွားနေရင် အိမ်မှာTaehyung တစ်ယောက်ထဲကျန်ခဲ့ရသည်...အသားမကျသေးတဲ့ Taehyung အတွက်ပျင်းရိဖွယ်ကောင်းလှသည်..
Hoseok Hyg ကတော့ ပြခန်းမှာပဲလုပ်မလားလို့ပြောလာပေမယ့် Taehyung က ပန်းချီတွေနဲ့အလှမ်းဝေးသည်...ပြခန်းနဲ့ပတ်သတ်ပြီးဘာမှမသိမလုပ်တတ်တာကြောင့် Taehyung လုပ်တတ်တဲ့ Cafe အလုပ်ကိုပဲရှာခိုင်းလိုက်တာဖြစ်သည်...အခုဆိုင်က Hoseok Hyg မိတ်ဆွေဆိုင်ဆိုတော့ပိုအဆင်ပြေသွားခဲ့သည်...
Taehyung Jungkook ကိုစောင့်နေရင်းနေအပူချိန်ကမြှင့်တက်လာတော့ တော်တော်ပူအိုက်လာကာ လက်လေးနဲ့ယပ်ခတ်နေမိသည်...Paris မြို့လယ်ခေါင်ကသစ်ပင်ဆိုလို့သိပ်မရှိပဲ အဆောက်အဦးတွေသာရှိတာမလို့ ပလက်ဖောင်းပေါ်မှာအရိပ်ဆိုလို့တစ်နေရာမှမတွေ့ရပေ.... Jungkook ဘယ်အဆောက်အဦးထဲဝင်သွားလည်း မသိလိုက်တာမလို့ ခပ်လှမ်းလှမ်းကအဆောက်အဦးတွေဆီ ဟိုကြည့်ဒီကြည့်နဲ့လိုက်ရှာနေမိသည်....
"Hey....ချစ်စရာကောင်လေး...မင်းမှာရည်းစားရှိလား"
Taehyung ရပ်နေတဲ့နေရာနား တည့်တည့်လျှောက်လာကာ ပြင်သစ်ဘာသာစကားနဲ့ဘာတွေပြောလာမှန်းမသိတဲ့လူတစ်ဦး...ပုံစံကရည်ရည်မွန်မွန်လူကြီးလူကောင်းပုံကိုမှ Taehyung ကိုပြုံးကာဘာတွေပြောနေမှန်းမသိ...Taehyung နားမလည်တော့ ထိုလူအနားရောက်လာလေ နောက်ဆုပ်မိလေဖြစ်ရသည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...
Part-21
Start from the beginning
