ကျန်းဝမ်ရွီ နိုးလာချိန်တွင်ကျစ်ရှုကိုကြည့်လိုက်ရာကျစ်ရှုသည် အိပ်နေဆဲ ရှိနေခဲ့လေသည်။ကျန်းဝမ်ရွီ သည် မြတ်နိုးစွာကြည့်ရင်း
ကျစ်ရှု၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။
သူသည် ကျစ်ရှုကို ယခင်ထက်ပို၍ ဂရုစိုက်ပြီးပိုချစ်ရမည်ဟု သိလာခဲ့ရင်းယနေ့မှစနောက်နောင်တွင်သူသည်ဘယ်သူနှင့်မှ
အိပ်ရာထဲတွင်မအိပ်တော့ဘဲအိပ်ရာထဲတွင်သူ့ဘေး၌ ကျစ်ရှုမှလွဲ၍ မည်သူ့ကိုမျှ
နေခွင့်မပြုတော့ဟု သူ့ဘာသာပင်ဆုံးဖြတ်ချက်ချထားသည်ကိုပင်
ကျစ်ရှုကမူ သိနိုင်မည်မထင်ပါချေ။

ဟယ်ကျစ်ရှု၏ ခန္ဒာကိုယ်ပူံစံသည်
နှစ်များစွာကြာသော်လည်း
များစွာပြောင်းလဲမသွားခဲ့ပေ။
ယခင်အထက်တန်းကျောင်းတက်စဉ်တုန်းက
သူချီပိုးခဲ့သကဲ့သို့ပင် ကျန်း၏ လက်မောင်း၌
ချစ်စရာကြောင်လေးတစ်ကောင်ကဲ့သို့ပင်
အိပ်လျက်ရှိနေခဲ့လေသည်။

ကျစ်ရှုသည် သူ့အားလျစ်လျူစရှုချိန်မှစကာ
သူဘယ်နေရာတွင်ရှိမည်သူဘယ်မှာအိပ်မည်နှင့်ပတ်သက်ပြီး သူ့သူငယ်ချင်းများကိုပင်
လုံးဝစုံစမ်းခြင်းမရှိတော့ဘဲသူနှင့်ပတ်သက်ပြီးသူ့အားလဲမမေးတော့ဘဲ တိတ်ဆိတ်စွာဖြင့်ဒီနှစ်များတွင်ရှိနေခဲ့သည်ကိုသတိထားမိလာခဲ့ရသည်။ကျစ်ရှုသည် အမြဲတမ်းတစ်ယောက်တည်းသာနေလာရင်းပိုပိုပြီးစကားနည်းလာလျက်ရွှင်လန်းမှုသည်လည်း နည်းလာသည်ကိုတွေ့လာခဲ့ရသည်။ထိုမှ
တဆင့် ကျန်းဝမ်ရွီ သည်ကျစ်ရှုနားတွင်နေရမည်ကို တဖြေးဖြေးပျင်းရိလာပြီးအပြင်၌သာ  အချိန်ကူန်ခြင်းက ဖြစ်လာခဲ့ရလေသည်။သို့ပေမယ့် ယနေ့တွင်ရုတ်တရက်
သူသိလိုက်ရသည်ကားသူတို့ကြားတွင်တစ်ခုခု လွဲမှားသည်ကားရှိနေပြီးသူ့အပြစ်များကြောင့်လဲပါသည်မိူ့သူကျစ်ရှုအားမတွေ့ရတော့မှာကိုပင်အရမ်းဘဲကြောက်လာနေမိခြင်းဖြစ်သည်။ ကျန်းဝမ်ရွီ သည်စိတ်ထဲ၌
မသက်မသာဖြစ်နေခဲ့ရင်းကျစ်ရှု၏ ပျော့ပျောင်းမှုများအစား အေးစက်နေသောမျက်လုံးများ သူနှင့်ကာမ ဆက်ဆံနေထိုင်စဉ်တွင်လည်း တာဝန်အရသာနှီးနှောပေးနေသည်ဟုပင်သူမြင်နေခဲ့ရလေသည်။

ကျန်းဝမ်ရွီ သည် လက်ကို ဆန့်၍
သူသည် ကျစ်ရှု၏နားရွက်နားရှိဆံပင်ပျော့ပျော့လေးများကို သပ်တင်ပေးလိုက်ရင်း နူးနူးညံ့ညံ့ပင် ကျစ်ရှုအားကြည့်နေလိုက်သည်။ ကျစ်ရှုသည်ပုံမှန်အိပ်ပျော်နေပုံဖြင့်အိပ်ပျော်နေဆဲ ဖြစ်သော်လည်း
အသက်ရှုသံလေးက အနည်းငယ်ပြင်း
ထန်နေသည်ဟုကျန်းဝမ်ရွီ က ထင်လိုက်လေသည်။ နောက်ဆုံးတွင်ကျန်းဝမ်ရွီ သည်
ကျစ်ရှုအား ချစ်ခင်စိတ်ဖြင့် မြတ်နိုးစွာ
ဖွဖွလေး ငုံ့နမ်းလိုက်ချိန်တွင်
ကျစ်ရှု၏အသားများသည်ပူနေလျက် အဖျားရှိနေသည်ကို သူတွေ့လိုက်ရသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now