ထိုချော်လဲမှုသည် အမှန်တကယ်ပင်
သူ့အားနာကျင်စေခဲ့သည်။ သို့သော်သူ့ဘေးနားတွင်ဘယ်သူမှသူ့အား ကူညီမည့်သူလဲမရှိသည်မို့ ထို့ပြင်သူတစ်ယောက်တည်းနေလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီးသူ့ကို ဘယ်သူကမှ
ကောင်းခြင်းဆိုးခြင်းအားအရေးမစိုက်ကြသည်မို့ သူကိုယ်သူသနားဖို့ပင်မေ့နေခဲ့သည်မှာအလွန်ပင်ကြာလှခဲ့ပြီဖြစ်လေသည်။ထို့ကြောင့်ပင် နှုတ်ခမ်းတိူ့အားဖိကိုက်ကာ ရုန်းထရင်းသူ့ဘေးနားရှိ မြေပြင်ပေါ်တွင်ပြန့်ကျဲသွားသောပစ္စည်းများအား
အိတ်ထဲသို့ အမြန်ပင်ကောက်ယူကာ
ပြန်စုထည့်လိုက်သည်။ ဒူးခေါင်းမှာ
အတော်ပင်ပွန်းပဲ့သွားသည်မို့
မတ်တပ်ကောင်းကောင်းရပ်မရသော်လည်း အားတင်းကာရပ်ရင်းအိမ်သို့ရောက်အောင်တော့ဖြေးညှင်းစွာ သူပြန်လာခဲ့လိုက်သည်။

ဟယ်ကျစ်ရှုသည်ယခင်ကတစ်ယောက် တည်းဘဲအချိန်ကြာစွာနေထိုင်နေရသည်မို့
တခါတလေအထီးကျန်မှုလေးတော့
ဖြစ်ဖူးသည်။လူတချို့ကပြောကြသည်။ တစ်ယောက်တည်းနေပါကစိတ်ချမ်းသာ၍ အသက်ရှည်ကြသည်ဟုပင်။သို့သော်သူ့တွင်တော့ ထိုအခွင့်အရေးက မရှိနိုင်ပေမယ့်
သူ့ဘဝရဲ့ နာကျင်မှုတွေထဲကတော့
တခါတလေ သူလွတ်မြောက်နိုင်ခွင့်ကို
တော့သူရချင်ခဲ့မိသည်။

သူမွေးထားသောကြောင်လေးများသည် လျင်မြန်စွာကြီးထွားလာကြလျက်
အတော်ပင်လှလာကြကာသူ့အားအလွန်ပင်ခင်တွယ်ကြသည်။ ကျစ်ရှုသည်သူမည်မျှပင် ပင်ပန်းစေကာမူအမြဲတမ်း ငါးဟင်းချိုတစ်ခွက်တော့ချက်ဖို့အတွက်သူသတိရမြဲလည်းဖြစ်သည်။

ထိုနေ့၌ ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီအား
ည၁၁နာရီနောက်ပိုင်းအိမ်ပြန်ရောက်လာခဲ့မည်ဟုလုံးဝမထင်ထားခဲ့ပေ။ သူသည် အအိပ်ဆတ်သူဖြစ်ပြီးတံခါးဖွင့်သံကြားသောကြောင့် ချက်ချင်းပင်သူနိုးလာခဲ့သည်။
သူအခန်းထဲမှ ထွက်လာခဲ့လိုက်ရာကျန်းဝမ်ရွီ သည်သူ၏ အီတလီ သားရေဖိနပ်ကို ချွတ်ပြီး
သူ၏ သိုးမွှေးကုတ်ကို ပင်ဆိုဖာပေါ်၌တင်ထားလျက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

"မင်းပြန်လာပြီလား
မင်းဘာလို့ ဖုန်းမဆက်တာလဲ'

သူ့စကားကိုကြားသောအခါကျန်းဝမ်ရွီသည်
အံ့သြမှုကြောင့်မျက်ခုံးများတွန့်လျက်
သူ့အားကြည့်နေခဲ့လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now