"အော်"

"ခေါင်းကိုက်နေရင် အိတ်ထဲမှာ အအေးပါတယ်
ခေါင်းကြည်သွားအောင် သောက်လိုက်"

"အင်း သောက်လိုက်မယ်နော်"

သူ့အိတ်ထဲက အအေးကို ခွန်းယူသောက်လိုက်ပါသည်။
အနည်းငယ်တော့ ခေါင်းကြည်သွား သလိုပင်။

"လူလေး ရှေ့မှာရပ်တော့"

"ဦးလေး ဒါဘုန်းကြီးကျောင်းမလား ရွာလည်း မဟုတ်ဘူး"

"ရွာက ကားမောင်းလို့မရဘူး လမ်းလျှောက်ရမှာ မင်းကား ဘုန်းကြီးကျောင်းမှာ ထားခဲ့ရမှာ"

"ဦးကြီး ရွာကို ရောက်ဖို့က လိုသေးလားဟင်"

"လေးငါးခြောက်ရွာလောက်တော့ ဖြတ်ရမယ် လုံမရဲ့"

လေးငါးခြောက်ရွာ တစ်ရွာနဲ့တစ်ရွာ ဘယ်လောက်ကွာလဲ ခွန်းသေချာ မသိပါ။
သေချာတာကတော့ ဒီအကွာအဝေးအတိုင်း လမ်းလျှောက်ရမည်သာ။

သယ်စရာ လေးလေးပင်ပင် မပါသည့်အတွက် အဲ့ဒီ့အတွကိတော့ ပူစရာမလို။
ဝတ်လာတာလည်း ဂျင်းဘောင်းဘီနှင့် blouse အင်္ကျီလက်ရှည် ပေါ့ပေါ့ပါးပါး လုံလုံခြုံခြုံပင်။

ပြဿနာကတော့ ဖိနပ်ပင်။
ခွန်းကလည်း ခွန်း။
ဒေါက်ဖိနပ် မြင့်မြင့် စီးရမှ လမ်းလျှောက်ရတာ ယုံကြည်မှုရှိရှိနှင့် တက်ကြွသည်ဟု ထင်သည်။

အရမ်းကြီး မြင့်နေတာတော့ မဟုတ်ပေမယ့် မြင့်တော့ မြင့်သည်။
အေးလေ လျှောက်နိုင်မှာပါ။

ဘုန်းဘုန်းကြီးကို ကန်တော့ပြီး ခွန်းတို့ ခရီးဆက်ခဲ့ကြသည်။

ဦးကြီးကတော့ စကားတပြောပြောနှင့် အရှေ့က ဦးဆောင် သွားသည်။
လမ်းမှာ တွေ့သမျှ လူတိုင်းလည်း နှုတ်ဆက်သည်။

ဘေးကလူကတော့ ကျောပိုးအိတ် တစ်လုံးနှင့် ပေါ့ပေါ့ ပါးပါးပင်။
အပျော် ခရီးထွက်သည့် သူလိုမျိုး။
အခုလိုကျတော့လည်း company မှာ ဆံပင် အပြောင်သိမ်း suit ဝတ်ပြီး မာနတစ်ခွဲသားနဲ့ ပုံစံမျိုးနှင့် အတော်ကွာခြားသည်။

ဘာပဲဖြစ်ဖြစ် နှစ်မျိုးလုံး ကြည့်ကောင်းသည်ပင်။
နေပါဦး သူကြည့်ကောင်းတာ မကောင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ။

You had me at helloWhere stories live. Discover now