အရင်ဆုံး သွေးတိတ်အောင် လုပ်ရမည်သာ

ပါလာသော လက်ကိုင်ပုဝါနဲ့သာ သူ့လက်ကို စည်းထားပေးလိုက်သည်။

"ခွန်း"

"ဟင်"

"ခွန်းမှာ အဲ့ဒီ့လက်ကိုင်ပုဝါလေး ရှိသေးတယ်နော်"

ကျွန်မမှာ ရှင်နဲ့ ပတ်သတ်တဲ့ အရာအားလုံး ရှိတယ် ခန့်ညားထည်ဝါ

"အင်း"

"ကိုယ် မရှိတော့ဘူး ထင်နေတာ"

"လွှင့်ပစ်ရမှာ နှမြောဖို့ကောင်းတယ်လေ"

"ဘာလို့ နှမြောတာလဲ"

"ဒီလိုပါပဲ ကျွန်မက ဘယ်အရာမဆို တန်ဖိုးထားတတ်တယ်လေ"

"ဘယ်အရာမဆို"

"အင်း"

တဖက်လူက အတန်ကြာ ငြိမ်ကျသွားပါသည်။

"လက်ကိုင်ပုဝါ ဒဏ်ကြေလိမ်းဆေးဗူး သင်တန်းစာရွက် စာအုပ်တွေ စာရွက်အနီလေးတွေ

ဘယ်အရာမဆို ကျွန်မက တန်ဖိုးထားတတ်တယ်လေ"

"ခွန်း သိနေခဲ့တာလား"

"မသိရအောင် ငတုံးလား ဒီလောက် သိသာနေတာကို"

"အာ"

"ကျွန်မ မသိဘူးလို့များ ထင်နေတာလား"

" ........"

"ရှင် ကျွန်မကို တော်တော် အထင်သေးတာပဲ

ဒါနဲ့ ဘယ်လို ပြန်ကြမလဲ"

"ခုန ကားကလည်း ထွက်သွားပြီ
ဒီအနီးအနားမှာလည်း လူနေအိမ် မရှိလောက်ဘူးနဲ့တူတယ်"

"ကားက မောင်းလို့ရသေးလား"

"ရတယ်"

"အဲ့ဒါဆို ကျွန်မမောင်းမယ်လေ"

"ရပေမယ့် ရန်ကုန်အထိ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

"ဘယ်သူက ရန်ကုန် ကို မောင်းမယ် ပြောလို့လဲ"

"ဟင်"

ကားလေးဟာ ဆန့်ကျင့်ဘက် အရပ်ဆီသို့ ဦးတည်လျက်......

"ဒီကို ပြန်လာမှ ဖြစ်မှာမလို့လား"

" ....... "

"တခြားနေရာ သွားလို့ မရဘူးလား"

"ဒီနေရာက အနီးဆုံးပဲ

You had me at helloWhere stories live. Discover now