Chap 3

4.1K 748 21
                                    

Zaw

အဆုံးမှာတော့၊ ချန်သိက သူ့ကို အောက်ထပ်မှာရှိတဲ့ ကလပ်ဆီကို ခေါ်ဆောင်လာခဲ့သည်။

ကလေးဘဝကနေ အခုအရွယ်အထိ အင်တာနက်ကဖေးကိုတောင် ခြေမချဖူးခဲ့တဲ့ ရွှီနျန်အတွက် ကလပ်ဆိုသည်မှာ ပို၍အလှမ်းကွာသော အရာတစ်ခု ဖြစ်၏။ တခြားသော ရင်းမြစ် တစ်ခုခုကနေ ကလပ်တွေ ဘားတွေ ဆိုတာကို ဘယ်လိုပုံမှန်း သိမြင်ခဲ့ဖူးပေမယ့် တကယ့်လက်တွေ့ ကြုံရတာနှင့်ကတော့  ကွာခြားလွန်းသည်လေ။

မြို့ငယ်လေးတစ်ခုမှ လူငယ်လေး တစ်ယောက်အနေဖြင့်  သူမြင်မြင်ရသမျှသည် အသစ်အဆန်းတွေချည်း ဖြစ်ပြီး လေထုကလည်း စိတ်လှုပ်ရှားစရာကောင်းလွန်းသည်ဟု ခံစားရသည်။ဒီလို ခံစားရလာတာနဲ့အမျှ ရွှီနျန်ရဲ့ ခေါင်းထဲမှာ တခြားအကြောင်းအရာများကို  တွေးတောရန် အားစိုက်နိုင်စွမ်းတကယ်ကို မရှိတော့ပေ။

ချန်သိက သူ့ကို အခန်းတစ်ခုဆီကို ခေါ်သွားခဲ့သည်။
ကြည့်ရတာတော့ အားလုံးက သူတို့ကိုစောင့်နေ ပုံပေါ်သည်။

ချန်းချန်သည် နှုတ်ခမ်းတွင် စီးကရက်တစ်လိပ် ခဲထားပြီး ဖဲချပ်များဖြင့် ကစားနေသည်။ သူက ခေါင်းကို မော့၍ ရွှီနျန်ထံ အကြည့်တစ်ချက် ပေးပြီးနောက် ညင်သာစွာ ပြောလာသည်။

"ဒီကိုလာ"

သူ့ပတ်ဝန်းကျင်မှာတော့ အမျိုးသားအမျိုးသမီးများဝန်းရံလျှက်ရှိနေကာ သူတို့တွေထဲမှ အများစုသည် ရွှီနျန်တစ်ကိုယ်လုံးကို ပွင့်ပွင့်လင်းလင်းပင် စေ့စေ့စပ်စပ် ကြည့်နေကြလေသည်။

ရွှီနျန်က နာခံစွာဖြင့် အနားသို့ လျှောက်သွားလိုက်သည်။

ချင်ဖုန်ထျန် ဘေးတွင် ထိုင်နေသူမှာ ချောမောသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။
ရွှီနျန်က ထိုကောင်လေးကို ကြည့်ရသည်မှာ အနည်းငယ် ရင်းနှီးသလိုခံစားနေရပြီး နည်းနည်းလောက် စဉ်းစားပြီးသောအခါ  ထိုကောင်လေးသည် အတော်လေးနာမည်းကြီးသော ဆယ်လီတစ်ယောက် ဖြစ်မှန်း မှတ်မိသွားခဲ့သည်။ ထို့ကြောင့် သူသည် ထိုကောင်လေးကို အကြိမ်အနည်းငယ်ခန့် မကြည့်ပဲ မနေနိုင်ခဲ့။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Tahanan ng mga kuwento. Tumuklas ngayon