Chap 2

4.3K 774 29
                                    

Zaw

warning:⚠️ ဒီအခန်းမှာ homophobic ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုတဲ့ စကား သေးသေးလေးတစ်ခု ပါပါတယ်။⚠️

နေ့လည်စာစားချိန် ကုန်သွားပြီဖြစ်တာမို့ ဆေးရုံ၏ ဟောခန်းမထဲတွင် လူအများကြီး ရှိမနေပေ။ လူရှင်းနေတာမှ အတော်လေးကို ရှင်းနေတာမို့  ရွှီနျန် မှန်တံတားကို ဖြတ်သွားတဲ့အချိန်မှာ ထိုဘက်ကို မစဉ်းစားပဲ တစ်ချက် ကြည့်လိုက်သည်။

ဒါပေါ့ ၊ ချန်သိ က ရွှီနျန်ကို မှတ်မိသည်။ မှတ်မိရုံတင်မဟုတ်ဘဲ သူ့(XN)အပေါ် သူ၏ အမြင်က အတော်လေး နက်ရှိုင်းတယ်လို့တောင် ပြောလို့ရသည်။
အဆုံးမှာတော့ သူ့လို  သူ့ ခါးပတ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့သူတစ်ယောက်*အတွက် အခြေအနေတော်တော်များများနှင့်  အသားကျနေပြီဖြစ်သည်။ အဲ့ဒီညက အဖြစ်အပျက်ဟာလည်း မမျှော်လင့်ထားတဲ့ မတော်တဆတစ်ခုဖြစ်သော်လည်း အဲ့ဒါအပေါ်တော့ သူ အခုချိန်ထိ အနည်းနှင့်အများ အဆင်မပြေ ခံစားရနေဆဲဖြစ်သည်။

"..."
ချန်သိသည် သူနှင့် ရွှီနျန်တို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ဆုံချင်း ဆုံမိချိန်တွင် ဖုန်းပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် လူငယ်လေးက သူ့ကို အရင်ဆုံး ယဉ်ကျေးစွာနဲ့ ပြုံးပြလာချိန်မှာ သူ့အသွင်ပြင်ကို ယဉ်ကျေးတဲ့ ပုစံဖြစ်အောင် ပြင်ဖို့ အချိန်မရလိုက်။

ရွှီနျန်က သူ့ကိုကျော်၍ ဖြတ်လျှောက်သွားသည်ကို ကြည့်နေစဉ်အတွင်းမှာ ချန်သိသည် သူနှင့် ဖုန်းပြောနေသည့် တစ်ဖက်မှလူအား လေးစားမှု့အပြည့်ဖြင့် ခေါင်းညိတ်ကာ ဦးညွှတ်နေဆဲဖြစ်သည်။

"ကောင်းပါပြီ .....ကောင်းပါပြီ၊ ဟုတ်ကဲ့ ...ဟုတ်ကဲ့ ၊ အားလုံးကို ဖြေရှင်းပြီးပါပြီ......."

"ဒီညအတွက် ကလပ်ကိုကြိုပြောပြီးပါပြီ။ သခင်လေး ချင်က သေချာပေါက် လာပါလိမ့်....."

"ကောင်လေးရှာရမယ်? ဒါပေမယ့် ဘော့စ်၊ ဘော့စ်က မဟုတ်......."

"မဟုတ်တာ၊ မဟုတ်ပါဘူး...မဟုတ်ပါဘူး.....ကျွန်တော်သေချာပေါက် အဲ့ဒီသဘောပြောတာမဟုတ်ပါဘူး.... ဒါပေမယ့် သန့်ရှင်းတဲ့ တက္ကသိုလ်ကျောင်းသားလေးကို ကျွန်တော် ဘယ်ကနေသွားရှာ ရမှာ...."

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Unde poveștirile trăiesc. Descoperă acum