Chap 16

3.5K 705 58
                                    

Zaw

ချန်းချန်သည် ထိုနေရာမှာ ထိုင်နေဆဲပင်ဖြစ်ပေမဲ့ ခြေထောက်တွေကတော့ လှုပ်မနေတော့ပေ။ သူက ရွှီနျန်ကို စိုက်ကြည့်နေတာဖြစ်ပြီး သူ့အမူအယာက ပျော်နေသည်လား မပျော်နေသည်လား ဆိုတာကိုတော့ ပြောရခက်၏။

"......."

ရွှီနျန်မှာတော့ ထိုနေရာတွင် နာခံမှုရှိသည့် အမူအယာလေးဖြင့် ထိုင်ကာ လက်ဖက်ရည်သောက်နေဖို့ရန်သာ တတ်နိုင်လေသည်။

ရှီလျန်ရှန်းက မီးလောင်ရာလေပင့်၏။

"မင်းတို့နှစ်ယောက်တွဲနေတာကို ငါဘာလို့များမသိတာပါလိမ့်"

အမှန်တော့ ရွှီနျန်က ထိုစကားတို့ကို ရှီလျန်ရှန်းအား ကိုင်တွယ်နိုင်ရန်အတွက် ပြောလိုက်ခြင်းသာဖြစ်သည်။ ချန်းချန်လည်းပဲ ဤနေရာတွင် ရှိနေသည်ကို သိမနေခဲ့သည်မို့။ ယခုတော့ သက်သေအပြည့်အစုံက နေရာတွင်ပင် ရှိနေပြီး သူ့အနေနဲ့ နှုတ်ထွက်ချင်လျင်တောင်မှ လုပ်နိုင်လိမ့်မည်မဟုတ်တော့ပေ*။
(t/n : ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းချင်တာ)

ချန်းချန်က ရှီလျန်ရှန်းကို လစ်လျူရှူထားကာ ရွှီနျန်ကို တိုက်ရိုက်မေးလိုက်သည်။

"မင်းက ငါနဲ့တွဲချင်တာလား?"

ရွှီနျန် အတွေးများသွား၏။
'သူက 'ပြောခဲ့တာတွေက စနောက်ရုံသက်သက်ပါပဲ' ဟု ဖြေလိုက်လျှင်တော့ ထိုသည်က ချန်းချန်း၏ အတ္တကိုထိခိုက်နာကျင်စေလိမ့်မှာ ဖြစ်ပြီး သူ့ဘော့စ်ကြီးက ထိုသည်ကို အလွန့် အလွန် ကျေနပ်ပျော်ရွှင်လိမ့်မှာမဟုတ်ပါပေ။
သို့ပေမယ့် 'တွဲချင်တယ်' ဟု ပြန်ဖြေလိုက်သည်ဆိုပါစို့........ကောင်းပါပေ့၊ မည်သို့ပင်ဆိုစေကာမူ 'တွဲချင်ပါတယ်' ဟု ပြောသည်က အကောင်းဆုံးပင် ဖြစ်လိမ့်မည်သာ။'

"ကျွန်တော် တွဲချင်တယ်"

ရွှီနျန်က သိမ်မွေ့စွာ ဖြေလိုက်သည်။

ချန်းချန်က နှာမှုတ်လိုက်ကာ ခြေထောက်ကတော့ လှုပ်နေလျက်ဖြင့် ပြောလေ၏။

"ဟမ့်၊ အိပ်မက်ထဲမှာပဲ ရမယ်!"

ရွှီနျန် : "......."

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Dove le storie prendono vita. Scoprilo ora