Chap 19

3.4K 674 37
                                    

Zaw

ဤသည်က ရွှီနျန်၏ ပါးစပ်ကို အနမ်းခံရသည့် ပထမဆုံး အနမ်းဖြစ်သောကြောင့် သူက နှုတ်ခမ်းတွေကို ဖွင့်ဟဖို့ကိုပင် မေ့နေခဲ့ကာ စက္ကူချုပ်စက် တစ်ခုအလား သန်မာကာ တောင့်တင်းနေသည့် ချန်းချန်၏ နှုတ်ခမ်းသားတွေက သူ့နှုတ်ခမ်းထက်တွင် ဖိကပ် တွန်းတိုက်နေသည်ကိုသာ ခံစားမိနေခဲ့သည်။

မီးရှုးမီးပန်းမှ မီးတောက် လုံးဝကုန်သွားခဲ့သည့်နောက်တွင်  ပတ်ဝန်းကျင်တစ်ခုလုံး၌ အမှောင်ထုသာ ကျန်နေခဲ့သည်။ မျက်လုံးဖွင့်ထားသော်လည်း ရွှီနျန်သည် ချန်းချန်၏ အမူအရာတို့အား မမြင်ရပေ။ ထို့ပြင် အားထည့်ကာ ဖိကိုင်ခံထားရသည့် သူ့ခေါင်းအနောက်ဘက်မှာ နာကျင်နေပြီဖြစ်သော်လည်း ထိုသည်က ချန်းချန် သူ့အား လွှတ်မပေးလိုက်သေးခင် တဒင်္ဂအထိသာဖြစ်၏။

ရွှီနျန်က သူ့နှုတ်ခမ်းကို ကာလိုက်ပြီး အတော်ကြာကြာ စဉ်းစားခဲ့ပေမယ့်လည်း လုံးဝကို နားမလည်နိုင်သေးချေ။ ထို့ကြောင့် သူက မနေနိုင်စွာပင် မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို နမ်းခဲ့တယ်.........."

ချန်းချန်က လျှပ်စီးကဲ့သို့ အလျင်မျိုးဖြင့် ကတိုက်ကရိုက်ပင် ပြန်ပြော၏။

"ငါ မလုပ်ဘူး!"

ရွှီနျန် : "? ?"

သူ တိတ်တဆိတ်တွေးလိုက်မိသည်။
'ခင်ဗျားကြီးကတော့ တကယ် အရှက်မဲ့လွန်းတာပဲ။ ဒါဆို ခုလေးတင် ကျွန်တော့်ကို လာဖက်နမ်းတာက သောက်ကျိုးနဲ့ ဘယ်သူကြီးများလဲ? ဝက်တစ်ကောင်လား?!'

ဤအနမ်းတစ်ခုသည် ချန်းချန်၏ မရိုးဖြောင့်သည့် လှည့်ကွက်ကြောင့် ဤအတိုင်းသာ ကျော်လွန်ပြီးဆုံးသွားခဲ့တော့သည်။ အိမ်အပြန်လမ်းတွင် ရွှီနျန်သည် ဘယ်လိုပင် စေ့စေ့စပ်စပ် စဉ်းစားခဲ့သော်လည်း ထို လိင်တူချစ်သူများအား မုန်းတီးသူ ဘော့စ်က သူ့အား အဘယ်ကြောင့် လိုလိုလားလား နမ်းခဲ့ရသလဲ ဆိုတာကို မမှန်းဆနိုင်ခဲ့ချေ။ ဘာတွေဖြစ်ကုန်တာလဲ?

သူအိမ်ပြန်ရောက်သောအခါ သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း သူအိပ်မပျော်နိုင်သေးပေ။ အိပ်ရာထက်တွင် လူးလှိမ့်နေခဲ့ပေမယ့် နောက်ဆုံးတော့ လက်လျော့လိုက်ကာ ချန်သိထံသို့ စာတိုပို့ခြင်းကို စတင်လိုက်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now