Chap 20

3.3K 623 11
                                    

Zaw

ချန်းချန်၏ မှတ်ဥာဏ်ထဲရှိ သူ၏ကလေးဘဝ မိသားစုအခြေအနေမှာ များပြားလှစွာသော ဆင်းရဲဒုက္ခအတိဖြင့်ပင် ဖြစ်၏။

သူသည်  loess plateau* ဒေသနှင့် နီးကပ်သည့် အရပ်ဒေသတွင် မွေးဖွားခဲ့တာဖြစ်သည်။ သူတို့မိသားစုသည် အရင်အချိန်တွေတုန်းက ဂူထဲတွင်တောင် နေထိုင်ခဲ့ကြရဖူးသည်။ သူ့တွင် ညီအစ်ကိုမောင်နှမ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ရှိခဲ့ပြီး သူက သားအလတ် ဖြစ်သည်။ သူသည် အလွန်ငယ်ရွယ်စဉ်ကတည်းကပင် အသက်ကြီးသူများနှင့်အတူ အလုပ်လုပ်ခဲ့ရပြီး၊ ထို့ကြောင့်ပင် နောက်ပိုင်း သူကျောင်းသွားကာ စာသင်နိုင်သည့် အခွင့်အရေးရလာချိန်တွင် ၎င်းသည်ကား ကောင်းကင်ဘုံတွင် အလုပ်လုပ်ခွင့်ရသကဲ့သို့ပင် အလွန်ကောင်းမွန်သည်ဟု ခံစားခဲ့ရသည်။

သူ၏ ညီအစ်ကိုမောင်နှမများထဲတွင် သူတစ်ယောက်တည်းသည်သာ ရည်ရွယ်ချက်ခိုင်ခိုင်မာမာဖြင့် စာလေ့လာပြီး ကျောင်းပြီးအောင် တက်နိုင်ခဲ့တာ ဖြစ်သည်။

ဆင်းရဲသည့်မိသားစုမှကလေးများ ဖြစ်သည်ကြောင့် ကျောင်းသွားကာ စာသင်နိုင်ခြင်း မရှိခဲ့တာမျိုးမဟုတ်ဘဲ ကလေးအများစုသည် ကျောင်းတက်ရသည်က များစွာသုံးဝင်ခြင်းမရှိဟု ခံစားကြပြီး အိမ်ရှိ အရွယ်ရောက်ပြီးသူများ သည်လည်းပဲ ၎င်းသည်က အရေးမကြီးဟု ထင်ကြတာဖြစ်သည်။ ထို့ကြောင့်ပင် ကျောင်းပြီးသည်အထိတက်ကာ တစ်ခုခုဖြစ်မြောက်ရန် ကြိုးစားသူများသည်ကား ထိုအထဲမှ ရှားရှားပါးပါး တခါတရံမှသာ ရှိတတ်သည့် လူနည်းစုသာဖြစ်သည်။

သူ၏ မိသားစုကြောင့်ပင် ဆင်းရဲမွဲတေခြင်းကို ကြောက်ရွံ့ခဲ့ရသည့် ချန်းချန်၏ အကြီးမားဆုံး ကလေးဘဝ အိမ်မက်သည်ကား တစ်နေ့တွင် အစားအစာများ ထုတ်လုပ်နိုင်ရန်ဖြစ်သည်။ အချိန်မည်မျှပင် ကုန်လွန်ခဲ့ပါစေ သူ၏ အိပ်မက်ကတော့ ခိုင်မာပြတ်သားကာ ရိုးရှင်းနေမြဲသာဖြစ်သည်။

ထို့ပြင် ထို အလွန်အမင်း မွဲတေခဲ့မှုများကြောင့်ပင် သူ၏ လက်ရှိ မောက်မာသောစရိုက်နှင့် သဘောထားတို့ ပေါ်ပေါက်ကြီးထွားလာခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည်က အကယ်၍သူသာ ယခင်ကဲ့သို့ ဆင်းရဲမွဲတေသူတစ်ယောက် ဖြစ်နေခဲ့ပါက တခြားသူများသည့် သူ့အား အထင်မြင်သေးကြမည်သာ ဖြစ်သည်ဟု သူ့မသိစိတ်မှ ယုံကြည်ထားခဲ့ခြင်းကြောင့်လည်း ဖြစ်ဟန်တူသည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Место, где живут истории. Откройте их для себя