Chap 14

3.6K 679 16
                                    

Zaw

B မြို့၏ လူချမ်းသာအသိုင်းအဝိုင်းသည် သာမာန်လူတန်းစားများ ထင်ထားသည်ထက် ပို၍ များစွာကြီးမားသည်။ ထို့ထက်ပိုသည်က ထိုအသိုင်းဝိုင်းထဲတွင် အုပ်စုကွဲများစွာ ရှိနေသေးတာပဲဖြစ်သည်။
ဥပမာအားဖြင့် - စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များ အုပ်စု၊ နာမည်ကြီးထင်ပေါ်ကျော်ကြားသူများ အုပ်စု၊ ဒုတိယမျိုးဆက် စစ်တပ်နှင့် အရာရှိများ အုပ်စု ၊ ဒုတိယမျိုးဆက် စီးပွားရေး အင်အားကြီးသူများအုပ်စု နှင့် အခြားသော အုပ်စုများစွာဖြစ်ပြီး သေချာတာကတော့ ထိုအသိုင်းအဝိုင်းအား  ဤအုပ်စုများဖြင့် လွှမ်းခြုံထားလေသည်။ မည်သည့်နေရာမှဖြစ်စေ  စီးပွားရေး ကဏ္ဍမှတစ်စုံတစ်ယောက်အား  ကြိုဆိုကြလိမ့်မည်သာဖြစ်သည်။
ထို့ကြောင့်လည်း ချန်းချန်ကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ အခြေခံသည့်လုပ်ငန်းဖြင့် လူချမ်းသာဖြစ်လာသည်မှာ သိပ်ပြီး မကြာသေးသည့် စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်သည်လည်း အတော်လေး လူကြိုက်များ ထင်ပေါ်လေသည်။

'ချန်းချန်တစ်ယောက် မကြာသေးခင်က စပြီး တက္ကသိုလ်ကျောင်းသားလေးတစ်ဦး၏ သကြားဖေဖေ'ဖြစ်လာခြင်း ဆိုသည့်အချက်အား သူ၏အသိုင်းဝိုင်းရှိ လူချမ်းသာများအားလုံး သိထားပြီးဖြစ်ကာ သူတို့၏ ပေါ့ပေါ့ပါးပါးတွေ့ဆုံပွဲ* များတွင် ထိုအကြောင်းရာအား တစ်ခါတစ်ရံ စကားစမြည်ပြော ပြောကြလိမ့်မည်ဖြစ်သည်။

"ကျုပ်ကနဦး ထင်ခဲ့တာက မင်း  အနုပညာရှင်လေးတစ်ယောက် ကို သကြားကလေးလေး လုပ်ထားတယ်လို့လေ။"

လောင်*ကျုန်းသည် အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။

"မင်းလို လူငယ်လေးက အမြဲတမ်း အနုပညာရှင်လေးတွေကိုပဲ မျက်စိကျတတ်ပုံပဲ ပေါ်နေတာဆိုတော့"

ချန်းချန်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

"ကျွန်တော် အနုပညာရှင်တွေကို မကြိုက်ပါဘူး"

လောင်ကျုန်းက သူ့စကားကြောင့် ပြုံးလိုက်ကာ ပြောသည်။

"အားလုံးက အတူတူချည်းပါပဲ"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now