Chap 24 (Part 1)

3.5K 628 39
                                    

Zaw

ရွှီနျန်သည် ချန်းချန်၏ တောင်းဆိုညွှန်ကြားချက်များအရ အလွန်ကိုမှ ရှေးဆန်သည့် ဘောင်းဘီတိုနှင့် အပေါ်ပိုင်းတွင် လက်ပြတ်အတွင်းခံအင်္ကျီ တို့ကိုသာ အစုံလိုက် ဝတ်ဆင်ထားခဲ့လေသည်။ သူ ရေကန်နံဘေး ပေါ်လာချိန်တွင် ရေထဲတွင် ဆော့ကစားနေကြသည့် မိန်းကလေးတစ်သိုက်မှာ ကြွက်များကဲ့သို့* တိတ်ဆိတ်သွားကြလေ၏။

ချန်းချန်က သူ့အနောက်မှ လိုက်ပါလာသည်လေ။ သူသည် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့အပြင် နေကာဦးထုတ်နှင့် နေကာမျက်မှန်တို့ကိုပါ ဝတ်ဆင်ထားလျက် သူ့ကိုယ်သူ အလုံထုတ်ထား၏။ သူက အပူရှိန်ကို သည်းမခံနိုင်သည့်ပုံဖြင့် လက်ဟန် ခြေဟန်ပြကာ 'မင်းတို့အားလုံး အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေ'ဟုပြောပြီးနောက် ဘေးဘက်တွင်ရှိသော အရိပ်ရသည့်ထိုင်ခုံ၌ တစ်ယောက်တည်း သွားထိုင်နေတော့သည်။

လူတိုင်း : "......"

မန်နေဂျာမာက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဘော့စ်ကပါ ဘာလို့ ဆင်းလာတာလဲ?"

ရွှီနျန်က ကိုးရိုးကားရားနိုင်စွာပင် ပြန်ဖြေလိုက်သည်။

"သူလည်း ကစားချင်လို့နေမှာပါ....."

........ဒါပေမယ့် ဘယ်လိုကြည့်ကြည့် သူကကစားချင်တဲ့ပုံ ပေါ်မနေဘူးလေ။

ထို့အပြင် ချန်းချန်သည် အပြင်ထွက်ရန် ပြင်ဆင်နေချိန်၌ သူ၏ အဝတ်လွတ်သော နေရာများအားလုံးတွင် နေလောင်ခံခရင်မ်ထူထူ လိမ်းထားခဲ့သေး၏။

ဒါကြီးက အရမ်းများလွန်းတယ်။
ရွှီနျန် တိတ်တဆိတ်တွေးလိုက်မိသည်။

ချန်းချန်က ထိုနေရာတွင် ရှိနေသည်မို့ သူကရေမကူးတော့ဘဲ အဝါရောင် ရေပေါ် ဘဲရုပ်ကြီးကိုယူကာ ထိုပေါ်တွင်ထိုင်လျက် ရေကူးကန်တစ်ခွင် မျောနေလိုက်လေသည်။

ဘော့စ်က ဤနေရာတွင် ရှိနေ၍ဖြစ်ကောင်း ဖြစ်နိုင်သည်။ မတိုင်ခင်က အရိုင်းဆန်ဆန် ဆော့ကစားနေခဲ့ကြသည့် ခြေတံရှည် မိန်းမလှလေးများသည် ယခုချိန်တွင်တော့  အတော်လေး ဂရုတစိုက်နှင့် သိမ်မွေ့နေကြလေသည်။
ရေထဲတွင် ဆော့သည့် ဘောလုံးအား တင့်တယ်စွာ ပစ်ဖမ်းနေကြလျက် ရေသေနတ်ကိုပင် ဖြည်းဖြည်းနှင့် နုနုနယ်နယ် ပက်ဖြန်းနေကြလျက်.......။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now