"ဟုတ်ပါတယ်"

"အော် ကောင်းပြီ
ခင်ဗျားတို့က လူပြောင်းချင်တယ်ဆိုတော့ ကဲ ဘယ်မှာလဲ ခင်ဗျားတို့ ခန့်အပ်ချင်တဲ့သူ
ခေါ်လိုက် ပြီးရင် သူ့ idea ကို ကြည့်မယ်

အရည်အချင်းရှိရင် အသုံးချမယ်
အရည်အချင်း မရှိရင်တော့"

"အဲ့လိုလဲ မဟုတ်ပါဘူး ဥက္ကဌ
ကျွန်တော်တို့ ပြောချင်တာ တာဝန်ခံကို ပြောင်းချင်ရုံပါပဲ"

"ဘယ်လို"

"ဒီလိုပါ ဥက္ကဌ
project ကလည်း စပြီးသားဖြစ်နေပြီ အသစ်က ပြန်စရင် အချိန်တွေ ငွေတွေ အများကြီး ကုန်နိုင်တယ်
အဲ့တော့ ဒီအတိုင်းပဲ ဆက်လက်လုပ်ကိုင်ပြီး တာဝန်ယူမယ့် သူကို ပြောင်းစေ့ချင်ရုံပါ"

ဒီတစ်ခါတော့ ရှေ့ကလူကို အားမရစွာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပြောလေသည်။

တခြားသူတော့ မဟုတ်။
ရှယ်ယာ အများဆုံး သူတွေထဲက တစ်ယောက်
သီရီမေ၏ အဖေပင်။

"ဒီတော့ ခင်ဗျားတို့ ဆိုလိုချင်တာ သူ့ idea ကိုတော့ ဆက်သုံးမယ် သူ့ကိုတော့ မသုံးတော့ဘူး
အဲ့လိုပေါ့"

"အဲ့လိုကြီးတော့လည်း မဟုတ်ပါဘူး
တာဝန်မယူတတ်တဲ့ သူတစ်ယောက်ကို တာဝန် ဆက်မပေးရုံပါ"

"တာဝန် တာဝန် ဟုတ်လား

ဆိုစမ်းပါဦး တာဝန်ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့ ဘယ်လို အဓိပ္ပါယ် ဖွင့်ထားကြလဲ"

တစ်ယောက်မှ ပါးစပ်မဟတော့

"သူဆေးရုံတက်နေရတဲ့ အချိန်မှာ သူ့နေရာမှာ လစ်ဟင်းမှု အနည်းငယ်မှ မရှိခဲ့ဘူး
ဘယ်သူ့ကိုမှလည်း မထိခိုက်ခဲ့ဘူး
ဘယ်နေရာကများ အဆင်မပြေလို့လဲ"

"အဲ့တာတွေ အားလုံးက ဥက္ကဌ တာဝန်ယူ လုပ်ကိုင်ပေးနေလို့ပါ
တာဝန်ပေးထားပြီးသားပဲ ဥက္ကဌ လှည့်ကြည့်စရာ မလိုအောင် သူ တာဝန်ယူရမှာပေါ့"

"သူကပဲ အားလုံးကို တာဝန်ယူထားတယ်လို့ ရှင်တို့ကို ဘယ်သူက ပြောလဲ"

"ခွန်းးးး"

"မင်း မင်း သက်သာသွားပြီလား"

"အရင်ဆုံး အစည်းအဝေးလုပ်နေတာ နှောင့်ယှက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်

You had me at helloWhere stories live. Discover now